Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရက်ကို ရွှေ့ဆိုင်း

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁ ရက် ( ဆင်ဟွာ )

နေပြည်တော်၌ သြဂုတ် ၁၂ ၊ ၁၃ နှင့် ၁၄ ရက်တို့တွင် ကျင်းပရန် လျာထားပြီးသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ ကျင်းပရက်ကို သြဂုတ်လ ၁၉၊ ၂၀ နှင့် ၂၁ ရက်တို့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“တစ်ဖက်မှာလည်းနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ကာလရှိတဲ့အတွက် ဒီ့ထက်တော့ ကျွန်တော်တို့ နောက်ဆုတ်လို့ မရဘူးပေါ့နော်။ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့အနေအထားဖြစ်တော့ ၁၉၊၂၀၊၂၁ မှာ ကျင်းပဖို့ရှိပါတယ်”  ဟု ၎င်းက  နေပြည်တော် NRPC ၌ ပြုလုပ်သည့် အစိုးရနှင့် NCA-S EAOs အလုပ်အဖွဲ့ ညှိနှိုင်း  အစည်းအဝေး အပြီး ညနေပိုင်းတွင် မီဒီယာများသို့ ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံကျင်းပရေးအတွက်  (၈)ကြိမ်မြောက် JICM အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပထမ လေးလတာကာလ အတွင်း ကျင်းပရန် ဆုံးဖြတ်ထားကြောင်း၊ အကြောင်းကြောင်းကြောင့် COVID-19 ကာလဖြစ်သည့်အတွက် နောက်သို့ ရွှေ့ခဲ့ ပြီး သြဂုတ်လ ၁၂၊ ၁၃၊၁၄ တွင် ကျင်းပရန် လျာထားခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ ၂၆၊၂၇၊ ၂၈ ၊၂၉ ရက်များတွင် ရန်ကုန်၌ ကျင်းပခဲ့သော အလုပ်အဖွဲ့ အစည်းအဝေးက ပင်လုံ ညီလာခံကို သြဂုတ်လ ၁၉၊ ၂၀ ၊၂၁ မှာကျင်းပရန် သတ်မှတ်လျာထားခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117