Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရှိ လှည့်ကင်း (ဆလွန်း) ယာဉ်များသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ထုတ်ပြန်

ရဲလှည့်ကင်း စလွန်းကားအား တွေ့ရစဉ် (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ )

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး နှင့် မှုခင်းကြိုတင် ကာကွယ်ရေးအတွက် လှည့်ကင်း(ဆလွန်း)ယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် မှုခင်းဖြစ်ပွားသည့်သတင်းများနှင့် ထူးခြား ဖြစ်စဉ်သတင်းများရရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ လှည့်ကင်းမော်တော်ယာဉ်များ ကွပ်ကဲမှုဌာန တယ်လီဖုန်းဆက်၍ အကြောင်းကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

တိုင်ကြားနိုင်သည့် ဖုန်းအမှတ်များကတော့ ၀၁-၂၃၁၇၅၂၆ နှင့် ၀၁-၂၃၁၇၅၂၇ သို့ ဆက်သွယ်အကြောင်းကြား နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ ယင်းဖုန်းနံပါတ်များကို ပြည်သူများမှ အလွယ်တကူသိရှိဆက်သွယ်နိုင်စေရန်အတွက် လှည့်ကင်း (ဆလွန်း) ယာဉ်များ၏ နောက်မှန် နှင့် ယာဉ်၏နောက်ပိုင်း ဘေးနှစ်ဘက်တွင် ရေသားဖော်ပြထားရှိကြောင်း သိရသည်။

မှုခင်းဖြစ်ပွားသည့် နေရာများသို့ အချိန်မီရောက်ရှိပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်တို့အတွက်မော်တော်ယာဉ် အချင်းချင်း ဆက်သွယ်ချိတ်ဆက်ကာ လှည့်ကင်းတာဝန်များကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.