Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အလွန်ကာလတွင်တည်ငြိမ် အေးချမ်းစေရန် လုံခြုံရေး တိုးမြှင့်မည်

ရွေးကောက်ပွဲ လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ ဝင်များအား တွေ့ မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲ အလွန်ကာလတွင် တည်ငြိမ်အေး ချမ်းမှုရှိစေရေး အတွက် လုံခြုံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ Media Team မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ ပျံကျ နေထိုင်သော ရပ်ကွက်များနှင့် လူစည်ကားသော နေရာများတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး တိုးမြှင့် ချထားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့ မတိုင်မီ နှင့် ရွေးကောက်ပွဲ နေ့တွင်လည်း တည်ငြိမ် အေးချမ်းအောင် တာဝန်ယူ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုရွေးကောက်ပွဲ အလွန်ကာလတွင်လည်း လက်ရှိ အခြေအနေအား ဆက်လက် ထိန်းသိမ်းနိုင်ရန် ဆူပူမှု ဖြစ်ပွားနိုင်သည့် နေရာများတွင် လုံခြုံရေး အပြည့်အဝ တိုးမြှင့် ချထားရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့၏ တည်ငြိမ်အေးချမ်းမှု ရှိစေရန် နေ့စဉ် အလှည့်ကျ စနစ်ဖြင့် နေ့ညမပြတ် ကင်းပုန်းစောင့်ခြင်းနှင့် လှည့်လည်ခြင်းများ လုပ်ဆောင်လျက်ရှိနေပြီး ယခုကာလသည် ပိုမို အရေးကြီးသည့်အတွက် လုံခြုံရေးအား ပိုမို တိုးမြှင့်ချထားရခြင်း ဖြစ်ကြောင်း၊ လုံခြုံရေး ကင်းလေးကင်းဖြင့် အဆိုင်းသုံးဆိုင်း ခွဲကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ညဘက်များတွင် ပြစ်မှုကျူးလွန်နိုင် သောနေရာများ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ အများစုရှိသည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံ၊ ဒဂုံမြို့နယ်၊ သာကေတ မြို့နယ်အစရှိသော မြို့နယ်တို့၌ ကင်းပုန်း များချထားကာ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။ (Xinhua)