Connect with us

Politics, Law & Military

အခွန်အကောက်ဥပဒေကြမ်းအား ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ် ရွှေရွှေစိန်လတ် ဆွေးနွေးနေစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်

ကိုယ်စားလှယ် များက မိမိတို့၏ ပြင်ဆင် အဆိုပြုချက်များကို

တင်ပြဆွေးနွေးခြင်းများအား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်

ဆက်လက် ဆောင်ရွက်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးတို့က ပြင်ဆင်

အဆိုပြုချက်များ တင်သွင်း ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် ယခုနှစ် သိသာစွာ ဖြေလျှော့ပေးထားသည့် မူလ ဥပဒေကြမ်း အခန်း(၇)၊

ပုဒ်မ (၂၅) ပါ စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေဖြင့် အခြေပစ္စည်းများ

ဝယ်ယူသည့်အခါ ပေးဆောင်ရမည့် အခွန်နှုန်းထား အပေါ် ပဲခူးတိုင်းဒေသကြီး

မဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါ်ရွှေရွှေစိန်လတ်က

ပြင်ဆင်ချက်အဆို တင်သွင်း ဆွေးနွေးခဲ့သည်။

သူက “ဒါဟာ အခွန်လွတ်ငြိမ်း ချမ်းသာခွင့် ပေးတဲ့ နည်းလမ်းတစ်မျိုး

ဖြစ်ပါတယ်၊ အခွန်ရှောင် တိမ်းမယ့် သူတွေအပေါ် အခုလို ကင်းလွတ် သက်သာခွင့်

ပေးခြင်းဟာ အခွန်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်သူတို့အတွက် မျှတမှု

ကင်းမဲ့တဲ့ လုပ်ရပ် ဖြစ်နေပါတယ်” ဟု ထောက်ပြခဲ့ပြီး

အဆိုပါ ပုဒ်မတွင် (က) ငွေကြေးခဝါချမှု မဖြစ်စေရေးအတွက် စည်းကြပ်မှုမှ

ကင်းလွတ်နေသော ဝင်ငွေများ ကို အခွန်သက်သာခွင့်ပေးသည့် လုပ်ငန်းစဉ်အား

သီးသန့် လုပ်ငန်းအဖွဲ့ဖွဲ့၍ ဆောင် ရွက်ရမည်၊ (ခ)

လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် မြို့နယ် အခွန်အကောက် ဘုတ် အဖွဲ့

ဖွဲ့စည်းကာ အထက်ပါ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှု ရှိစွာ

ပူးပေါင်း ဆောင်ရွက်ပြီး သီးခြား ငွေစာရင်း ဖွင့်လှစ် ဆောင်ရွက်ရမည်။ ..

ဟု ဖြည့်စွက်ရန် တင်သွင်း ဆွေးနွေးခဲ့သည်။

ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်း ဆွေးနွေးနေစဉ်။

ညောင်တုန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင် ဆွေးနွေးနေစဉ်။

ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းကလည်း ၂၀၁၉

အခွန်အကောက်ဥပဒေကြမ်းပါ အထူးကုန်စည်ခွန်များ ဖြစ်ကြသည့် အရက်၊

စီးကရက်နှင့် ဆေးပေါ့လိပ်တို့အတွက် အခွန်နှုန်းထားသစ်များမှာ ၂၀၁၈

အခွန်ဥပဒေထက် ပိုမို များပြား သောကြောင့် ကုန်းပတ်ရောက် တန်ဖိုးနှင့်

ဈေးကွက်ပေါက်ဈေးတို့ များစွာ ကွာခြားနေပြီး အခွန် ဆုံးရှုံးမှုများ

ပေါ်ပေါက်လာနိုင်ကြောင်း၊ ကျန်းမာရေး ရှုထောင့်မှ ကြည့်ပြီး ဆောင်ရွက်သည်

မှန်သော်လည်း အရက်မဖြတ်နိုင်သည့် အခြေခံ လူတန်းစားများအတွက် ပိုပြီး

ထိခိုက်စေပြီး ၁၉၉၀ ကကဲ့သို့ အခွန်ရှောင် အရက်ပုန်း ဆိုင်များ

ပေါ်ပေါက်လာပြီး အရက်ပြင်းများ ရောင်းချ သောက် သုံးကြကာ

အသက်ဆုံရှုံးရသည်အထိ အန ္တရာယ်များ ကြုံလာရနိုင်ကြောင်း ထောက်ပြ ဆွေးနွေး

ခဲ့သည်။

ထို့အတူ ညောင်တုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်

ဦးအုန်းလွင်က ဝင်ငွေခွန် ထမ်းဆောင်သူများအပေါ်

စည်းကြပ်မှုနှုန်းထားများ၊ စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန် အပေါ်

စည်းကြပ်ရန် နှုန်းထားများသည် နှစ်စဉ် အတိုးအလျှော့ ပြောင်းလဲနေသည်ကို တွေ့ရှိရ ကြောင်း၊ ထိုသို့ တစ်နှစ်တစ်ခါ နှုန်းထား ပြောင်းလဲမှုသည် အခွန်ထမ်း

ပြည်သူများအပေါ် စိတ် အနှောင့်အယှက် ဖြစ်စေပြီး လုပ်ငန်းသစ်များ စတင်

ဆောင်ရွက်ရာတွင် အခက်တွေ့နိုင် ကြောင်း၊ ရိုးသားစွာ အခွန်

ထမ်းဆောင်နေသူများနှင့် စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေအတွက် အခွန်

ထမ်းဆောင်ရသူများ အကြားတွင် မျှတမှု ရှိဖို့ လိုအပ်ကြောင်း၊ ယခု ၂၀၁၉ ပါ

ပြဌာန်းချက်များသည် စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေအတွက် နောက်ဆုံး

ဖြစ်သင့်ကြောင်း၊ စည်းကြပ်မှုမှ လွတ် ကင်းသော ဝင်ငွေအတွက်

အခွန်စည်းကြပ်ရာတွင် တံဆိပ်ခေါင်းခွန်ကိုပါ ထည့်သွင်း စည်းကြပ် ပေးရန်

ဥပဒေကြမ်းတွင် ပြဌာန်းထားဖို့လိုသဖြင့် လိုအပ်သည့် စာသားကို ထပ်မံ

ဖြည့်စွက်သင့် ကြောင်းနှင့် အခွန်စည်းကြပ်မှုအား ခံယူနိုင်ရန်

မိမိကိုယ်တိုင် ဖွင့်ဟ ကြေညာရမည် ဟူသော စာသား ကိုပါ ထည့်သွင်း

ပြဌာန်းသင့်ကြောင်း ပြင်ဆင် ဖြည့်စွက်ချက်များ တင်ပြ ဆွေးနွေးခဲ့သည်။

အဆိုပါ ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို လာမည့်

သီတင်းပတ်ထဲတွင် အတည်ပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.