Connect with us

Politics, Law & Military

၇၂ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ဗိမာန် ၊ ဝန်ကြီးများရုံး နှင့် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် (ရန်ကုန်) သို့လာရောက်သူ များပြား

ရန်ကုန်မြို့ ရှိ ၀န်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)၌ ကျင်းပသော အာဇာနည်နေ့ အခမ်းအနားအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၇၂ နှစ်မြောက် အာဇာနည်နေ့ဖြစ်သည့် ယနေ့ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန် ၊ ဝန်ကြီး များ ရုံး(ယခင် အတွင်း ဝန်ရုံး) နှင့် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်သို့ပြည်သူ အများအပြား လာရောက် လေ့လာ ၊ ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ဗဟန်း မြို့နယ်ရှိ အာဇာနည် ဗိမာန်၌ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ပြီး နိုင်ငံ ခေါင်းဆောင် များ နှင့် အာဇာနည် မိသားစုဝင်များ တက်ရောက် ဂါရဝပြုခဲ့ပြီးနောက် နေ့လည်ပိုင်း အချိန်တွင် ပြည်သူ အများအပြား လာရောက် ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတွင် လာရောက် ဂါရဝပြုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)၌ ယနေ့နံနက်ပိုင်းတွင် အာဇာနည်နေ့အခမ်းအနားအား ကျင်းပခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီး များအား အလေးပြုခြင်း ၊ မေတ္တာပို့အမျှပေးဝေခြင်း ၊ အလံအား တိုင်ဝက် လျှော့ချ လွှင့်ထူခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

ဝန်ကြီးများရုံးသို့လာရောက် အလေးပြုခဲ့သော သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က “အခု ဒီအခမ်းအနားပွဲ တက်ရောက်ခွင့် ရခဲ့တဲ့ အချိန်မှာလဲ နိုင်ငံသား တစ်ယောက် အနေနဲ့ အလေးပြု ရမယ့်သူကို လာရောက် ပြီးတော့ အလေးပြုရခြင်း ဖြစ်ပါတယ်။ဒီကို လာတော့ ပိုပြီး ဝမ်းနည်းရတယ်။ခုချိန်ထိ ခံစားချက်ကတော့ ဟိုးငယ်ငယ်ထဲက ခံစားချက်နဲ့ခုချိန်ထိ အံ့သြစရာ ကောင်းလောက်အောင် အတူတူပဲ ဖြစ်နေတာ။ ကိုယ်ဘာမှ မသိခင်ထဲက ဥသြဆွဲသံ ကြားရင် ရင်ထဲမှာ တစ်ခုခု ပါသွားသလို ခံစားရတယ်။ အခုကြတော့ အဲဒီ ခံစားချက်ကို တစ်ထပ်တည်း ဖြစ်ပြီးတော့ ပိုပြီး သိလာတဲ့ အချိန်မှာတော့ စိတ်က နှမျောတဲ့ စိတ် ပိုပါလာတာပေါ့။”ဟု ပြောကြားခဲ့သည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲ အချက်ပေးရာ ငြိမ်သက်စွာ အလေးပြုနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့အတူ ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)အား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက် အထိ နံနက် ၉ နာရီ မှ ၅ နာရီ အတွင်း ပါလီမန် အဆောက်အဦ နှင့် အထိမ်းအမှတ် ကျောက်တိုင် နေရာများကို အများပြည်သူ ဝင်ရောက် လေ့လာနိုင်ရန်နှင့် ဂါရဝပြုနိုင်ရန် အခမဲ့ ဝင်ရောက်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင် မြို့နယ် အ.ထ.က(၂)မှ အဋ္ဌမတန်း ကျောင်းသား မောင်ကောင်းမြတ်ဆန္ဒ က “ကျဆုံး လေပြီး သော အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုခွင့် ရတဲ့ အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ လွတ်လပ်ရေး ရယူပေးပုံတွေ ၊ တခြား အတုယူ စရာတွေလဲ လေ့လာခွင့် ရတဲ့ အတွက် ကျွန်တော် အနေနဲ့အရမ်းကို ဂုဏ်ယူမိပါတယ်။”ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ လာရောက် လေ့လာကြသည့် ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

၇၂ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတွင်လည်း ကျောင်းသား/သူများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အသင်းအဖွဲ့များ ၊ ပြည်သူများ လာရောက် ဂါရဝပြုခဲ့ကြပြီး အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲ အချက်ပေးခဲ့ရာ ပြည်သူများက ငြိမ်သက်စွာ နေ၍ ဂါရဝပြုခဲ့ပြီး ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

၇၂ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း(တာဝါ လိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ယနေ့ဇူလိုင် ၁၉ ရက်မှ ၂၁ရက်အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် အထူးပြပွဲများကို ခင်းကျင်း ပြသ လျက် ရှိရာ ယနေ့တွင် လာရောက် လေ့လာသူ များပြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့လာရောက် လေ့လာခဲ့သည့် ပြည်သူ တစ်ဦး ဖြစ်သူ ကိုရဲက “ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးစားခဲ့တဲ့ အာဇာနည်ကြီးတွေ ဆုံးပါး သွားတဲ့နေ့ ဖြစ်တော့ ဝမ်းနည်း ပူဆွေးရပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ရင်ထဲမှာ အမှတ်တရ ထားပြီးတော့ လူငယ်တွေ ရှေ့ဆက် အားမွေးရမှာပါ။ဒီလို အမှတ်တရ လာကြည့်ပြီး အားမွေးရမယ့်နေ့ပါ။”ဟု ပြောကြားခဲ့သည်။

ယခုနှစ် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက် အပေါ်ထပ်အား ကြံခိုင်မှု ပြင်ဆင် ပြီးစီး၍ တစ်ကြိမ်လျှင် လူ ၅၀ ဖြင့် အပေါ်ထပ်သို့ အလှည့်ကျလေ့လာ ကြည့်ရှုခွင့်ရရှိခဲ့ကြောင်း ၊ ယမန်နှစ်က ပြတိုက် အတက်လမ်းတစ်လျှောက် တွင် ဗိုလ်ချုပ်၏ အဆိုအမိန့်များကို ပြသခဲ့ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်ပုံပါသော တံဆိပ်ခေါင်းများကို ဘုတ် ၁၈ ခုဖြင့် ပြသ ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် ကား ၊ နေအိမ် ပြတိုက် သမိုင်း ၊ ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နေထိုင်သွားလာလှုပ်ရှားမှု ဓာတ်ပုံ မှတ်တမ်းများ၊ ဗိုလ်ချုပ်၏ ဖယောင်းပုံတူ ၊ ဗီဒီယို ပြကွက်များအား ခင်းကျင်းပြသထားကြောင်း သိရသည်။(Xinhua)