Connect with us

Politics, Law & Military

၂၀၁၇ အခွန်အကောက် ဥပဒေကြမ်းကို လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြု

ဒုတိယအကြိမ်း ပြည်ထောင်စုလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘော ထား မှတ်ချက်များဖြင့် တင်ပြခဲ့သည့် ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား ပြီးခဲ့သည့် သီတင်းပတ်အတွင်း လွှတ်တော် ကိုယ်စားလှယ် ဆယ်ဦးတို့က ဆွေးနွေးခဲ့ကြကာ ဖေဖော် ဝါရီ ၂၁ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တို့က ပြန်လည် ဆွေးနွေးခဲ့ကြပြီး ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့သည်။

ပြင်ဆင်ချက်များအနက် မူလဥပဒေကြမ်းပါ အထူးကုန်စည် အမျိုးအစား အမှတ်စဉ် (၁၅) တွင် ပါဝင်သည့် ကားများနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြင်ဆင်ထားသည့် — (က) Double Cab 4 Door Pickup မှ အပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ အတွက် အခွန်နှုန်း ၂၀ ရာခိုင်နှုန်း၊ (ခ) Double Cab 4 Door Pickup မှ အပ ၂၀၀၁ CC မှ ၅၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ အတွက် အခွန်နှုန်း ၃၀ ရာခိုင်နှုန်း၊ (ဂ) Double Cab 4 Door Pickup မှ အပ ၅၀၀၁ CC နှင့် အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ အတွက် အခွန်နှုန်း ၅၀ ရာခိုင်နှုန်း — ဟူသည့် ပြင်ဆင်ချက်များ အတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အထူးကုန်စည်အမျိုးအစားတွင် ပါဝင်သည့် သဘာ၀ ဓာတ်ငွေ့ကို အခွန်နှုန်း ငါးရာခိုင်နှုန်း၊ ကျွန်းနှင့် သစ်မာ သစ်လုံးများ၊ ကျွန်းနှင့် သစ်မာ သစ်ခွဲသားများအား ၅၀ ရာခိုင်နှုန်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြား ကျောက်မျက်ရတနာ အရိုင်းထည်များအား ၁၀ ရာခိုင်နှုန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ လက်ဝတ်ရတနာတွင် စွဲကပ်ထား သည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာ အချောထည် များ အား ငါးရာခိုင်နှုန်း (၅%) ကောက်ခံသင့်ကြောင်း ပြင်ဆင်ခြင်း၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက် ဆေး နှင့် ကွမ်းစားဆေးများ၏ အခွန်ကို ယခင် ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ပြင်ဆင်ခြင်း၊ ဥပဒေ ကြမ်း၏ အပိုဒ် ၁၄ (ဇ) ရှိ ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရ ငွေအပေါ်တွင် တစ် ရာခိုင်နှုန်း (၁%) ဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့်စေရမည် ဟု ပြင်ဆင်ခြင်း တို့ကိုလည်း လွှတ်တော်က ယနေ့ အတည်ပြုခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၇ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယနေ့အတည်ပြုလိုက်သည့် ထိုဥပဒေ ကြမ်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေပါ ပြဌာန်းချက် အချို့၏ စကားရပ် များအား အစားထိုးခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ဖြည့်စွက်ခြင်း၊ တစ်ပေါင်းတည်း ဖြစ်စေရန် ပြင်ဆင် ခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ၊ အခွန်နှုန်းများကို ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)