Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ခရီးလမ်းကို သွက်သွက်လက်လက် ဆက်လျှောက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း

(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော နိုင်ငံတော၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ခရီးစဉ်တွင် နှေးကွေး လေးလံ ယိုင်နဲ့စေမည့် အာဃာတ တရားများကို စွန့်ပစ်ကာ ရှေ့ကို မျှော်ပြီး သွက်သွက်လက်လက် ဆက်လက် လျှောက်လှမ်းကြရန်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေး အပြီးသတ်နေ့ ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီ ပြည်တွင်းစစ်ကို ကျွန်မတို့ စတင်ခဲ့ကြတာ မဟုတ်ပေမယ့် အဆုံးသတ်နိုင်အောင် ကြိုးစားနေကြ တာ ဘယ်သူ့အတွက်လဲ၊ ပြည်တွင်းစ်မှာ အတိဒုက္ခ ရောက်နေကြရတဲ့ ကိုယ်ရော စိတ်ပါ လုံခြုံ အေးချမ်း စွာ နေချင်တဲ့ ပြည်သူတွေအတွက်ပါ၊ ကျွန်မတို့ ပြည်သူပြည်သားများရဲ့ စိတ်ချမ်းသာမှု အတွက် ရှေ့ကို ဆက်ပြီး လျှောက်လှမ်းကြရဦးမှာ ဖြစ်ပါတယ်၊ အာဃာတတွေ နာကြည်းချက်တွေ အနာတရတွေကိုပဲ အာရုံထားနေမယ်ဆိုရင် ခြေထောက်မှာ သံလုံးဆွဲပြီး လမ်းလျှောက်တဲ့သူလို ဖြစ်နေမှာပါ၊ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကို နှေးကွေး လေးလံ ယိုင်နဲ့စေမယ့် အာဃာတ တရားတွေကို စွန့်ပစ်နိုင်မှသာ သွက်သွက်လက်လက်နဲ့ အားမာန်အပြည့်နဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေး လမ်းခရီးမှာ ရှေ့ကို မျှော် အနာဂတ်ကို အာရုံပြုလို့ သွက်သွက်လက်လက် ဆက်လက် လျှောက်လှမ်းကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ သည်။

ယနေ့ ညီလာခံကြီးက ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘော တူညီချက် များသည် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်သည့် အရေးကြီးသော ခြေလှမ်းကြီး ဖြစ်ကြောင်း၊ ထိုခြေလှမ်း လှမ်းနိုင်ဖို့သဘောတူညီချက်များကို အလွယ်တကူ ရခဲ့ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် စိတ်ဓာတ်ကျစရာများ စိတ်တက်ကြွစရာများကို ကျော်ဖြတ်ပြီးမှ ရရှိလာခဲ့ခြင်း ဖြစ် ကြောင်း၊ သဘောထား ကွဲလွဲမှုများ၊ ရှုမြင်ကွာခြားမှုများ အမျိုးမျိုး ရှိခဲ့သော်လည်း ဘုံတူညီသည့် သဘော ထား အမြင်များ ဖြစ်လာအောင် ဆွေးနွေးနိုင်ခဲ့ကြသည်မှာ အင်မတန် အားတက်ဖွယ် ကောင်းကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံ အုတ်မြစ် တည် ဆောက်သည့် လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့ခြင်း ဖြစ်၍ ဂုဏ်ယူဖွယ်ကောင်းလှကြောင်း၊ တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ငသည့် ငြိမ်းချမ်းရေး အိပ်မက်သ် ပထမဆုံးအနေဖြင့် ကောက်ကြောင်းများ စတင်ရေးဆွဲနိုင်ပြီဟု ပြောနိုင်ပါကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ကဏ္ဍကြီးလေးခုတို့မှ သဘောတူညီချက် စုစုပေါင်း ၃၇ ချက်တို့ကို ပြည်ထောင်စု သဘောတူညီ ချက်၏ အစိတ်အပိုင်း အဖြစ် လက်မှတ်ရေးထိုး နိုင်ခဲ့သည့် ယခု ညီလာခံကြီး ဖြစ်မြောက်ရေး အတွက်လည်းကောင်း၊ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးတွင် မိမိတို့နှင့်အတူ ရပ်တည် ပေးခဲ့ကြသည့် ပြည်သူ ပြည်သားများ၊ ဘုံသဘောတူညီချက် ရရှိလာအောင် အပင်ပန်းခံ ပါဝင်ပေးခဲ့ကြသည့် ငြိမ်းချမ်းရေး အစုအဖွဲ့ဝင်များ၊ ညီလာခံ ကိုယ်စားလှယ်များ၊ ပံ့ပိုးကူညီခဲ့ကြသူ အားလုံးနှင့် မိမိတို့အပေါ် ယုံကြည်မှု နားလည်မှု များဖြင့် ထောက်ခံ ရပ်တည်ပေးခဲ့ကြသည့် မိတ်ဆွေများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ညီလာခံ သဘာပတိအဖွဲ့ ဒုတိယ ဦးဆောင်သဘာပတိ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း “အခု ရရှိတဲ့ အခြေခံ သဘောတူညီချက်တွေကို မဏ္ဍိုင်ပြုပြီးတော့မှ ဆက်လက် ညှိနှိုင်းရမယ့် အချက်တွေလည်း များစွာ ကျန်ရှိနေပါတယ်၊ နောင်လာမယ့် ငြိမ်းချမ်းရေး ညီလာခံများမှာ ဆက်လက် ညှိနှိုင်းပြီးတော့မှ ပြည်ထောင်စု သဘောတူညီချက် ရရှိသည်အထိ ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်၊ ဒီညီလာခံကြီးက ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ အုတ်မြစ်တွေပဲ ဖြစ်ပါတယ်၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် ထားခဲ့နိုင်တဲ့ အကောင်းဆုံးအမွေ အနှစ်တွေ ဆိုရင် လည်း မမှားပါဘူး”ဟု ၎င်း၏ နိဂုံးချုပ် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်

ထို့အပြင် “ဒီညီလာခံကြီးဟာ နိုင်ငံအတွက် ကြီးမားတဲ့ တိုးတက်မှုဖြစ်သလို တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေကြားမှာလည်း အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်၊ တိုင်းရင်းသား တွေ အကြားမှာ ယုံကြည်မှု ရဲ့ ပြယုဂ်တစ်ခုလို့လည်း ပြောလို့ရပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ် လောက်က ဆို ဒီလိုအခြေအနေမျိုး ရောက်လာလိမ့်မယ်လို့တောင် ဘယ်သူမှ ထင်မြင် ယူဆမိမှာ မဟုတ်ပါဘူး၊ ဒီနေ့ဒီ အချိန်မှာ ကျွန်တော်တို့ကြားမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရရှိနေပြီ၊ အဲဒီရည်မှန်းချက် တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး စားပွဲဝိုင်းမှာ စနစ်တကျနဲ့ ရှင်းလင်းနိုင်တဲ့ အခင်းအကျင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်၊ ဒီနေ့ရရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်းဟာ ကျွန်တော်တို့နိုင်ငံမှာ တစ်ခါမှ မရရှိဘူးခဲ့တဲ့ အခင်း အကျင်းတစ်ခုပဲ ဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် နိုင်ငံရေး ယဉ်ကျေးမှု တစ်ခုလို့လည်း ဆိုလို့ရပါတယ်၊ နက်နက်ရှိုင်းရှိုင်း အမြစ် တွယ်နေတဲ့ နိုင်ငံရေး ပြသနာတွေကို ဒီညီလာခံကြီးမှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက် နိုင်သလို ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ ကလည်း မြေပြင်မှာ ဖြစ်နေတဲ့ အောက်ခြေအဆင့် ပြဿနာတွေကို အဆင့်တိုင်းအဆင့်တိုင်းမှာ တွေ့ဆုံ ဆွေးနွေးမှုနဲ့ အဖြေရှာ ဖြေရှင်းနေတာ ဖြစ်ပါတယ်၊ ဒီ အခင်းအကျင်းဟာ နိုင်ငံရဲ့ သမိုင်းသစ်တစ်ခု ပဲလို့ ပြောလို့ရပါတယ်၊ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အပြင်ဘက်မှာ ရောက်ရှိနေတဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းများကိုလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာ အောင် ကြိုးစား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ ဒီဖြစ်စဉ်ဟာ လက်နက်ကိုင် အဖွဲ့အစည်း များစွာ ရှိတဲ့ ကျွန်တော် တို့နိုင်ငံမှာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်၊ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျန်တဲ့ တိုင်းရင်း လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်” ဟု ၎င်း၏ နိဂုံးချုပ် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)