Connect with us

Politics, Law & Military

ARSA အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း ၂၅ဦးသေဆုံး

ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးထားသော နေအိမ်အားတွေ့ရစဉ် (ဓါတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ ဟိန္ဒူလူမျိုး ၇ ဦးနှင့် ဒိုင်းနက်လူမျိုး ၅ ဦး စုစုပေါင်း၂၅ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း ၊ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး နှစ်ဦးတို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၃)ရှိ နေအိမ်များအား မီးရှိုခဲ့ရာ နေအိမ် ၂၂ လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ်များ ကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများသည် နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကြောင်းသိရသည်။ အဆိုပါ အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လက်ရှိတပ်မတော်သား ၁ ဦီး နှင့် လက်နက်ငယ် ၁ လက်ပျောက်ဆုံးလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ နေ့စားဝန်ထမ်း ၂ ဦး၊ မြို လူမျိုး ၁ ဦးနှင့် ဒိုင်းနက်လူမျိုး ၂ ဦး စုစု ပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)