Connect with us

Politics, Law & Military

စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်းထုတ်ပြန်

အမေရိကန်သမ္မတအိုဘားမား နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ--MOFA)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ အိုဘားမားမှ ၇-၁၀-၂၀၁၆ ရက်နေ့ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအစိုးရမှ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့သည့် စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံး ရုပ်သိမ်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာစေရေးကို ပိုမိုလွယ်ကူလာစေမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုများတိုးတက်များပြားလာခြင်းမှသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ထွန်းလာစေရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုသို့ ၁၃-၉-၂၀၁၆ ရက်နေ့မှ ၁၅-၉-၂၀၁၆ ရက်နေ့အထိ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံစဉ် သမ္မတ အိုဘားမားမှ စီးပွားရေးတားဆီးပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.