Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖမ်းဆီးအရေးယူမှုများ အား သတ်မှတ်ဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်မတော်တဆမှုများ စတင်ကျဆင်းလာ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖမ်းဆီးအရေးယူမှုများဆောင်ရွက်စဉ် (ဓာတ်ပုံ-- Yangon-Mandalay Expressway)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖမ်းဆီးအရေးယူမှုများ အား သတ်မှတ်ဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလအရောက်တွင် ယာဉ်မတော်တဆမှုများ စတင်ကျဆင်းလာကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အရှိန်လွန်မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေကို သြဂုတ်လက အသိပညာပေးကာလအနေနဲ့ ဆောင်ရွက်ခဲ့ရာ ကားအစီးရေ စုစုပေါင်း(၅၃၈)စီးကို ခံဝန်ကတိရေးထိုးစေခဲ့ပြီး အမှုဖြစ်ပွားမှု အမှု(၇၀)ရှိကာ အရှိန်လွန်မောင်းနှင်မှု(၂၅)မှုသာ ရှိခဲ့ကြောင်း၊ စက်တင်ဘာလ တွင် အရေးယူဆောင်ရွက်ရာ စုစုပေါင်းအမှု(၅၀)ရှိပြီး အရှိန်လွန်မောင်းနှင်မှု(၁၄)မှုသာ ရှိတော့သည့်အတွက် ယာဉ်မတော်တဆမှုများ တဖြည်းဖြည်းကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေ့စဉ် ယာဉ်အစီးရေနှစ်သောင်းခန့် ဖြတ်သန်းသွားလာ နေရာ ယာဉ်အတော်တဆမှုတွေများမှာလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျှက်ရှိကြောင်း၊ ယခင်နှစ်(၂၀၁၅) ခုနှစ်က ယာဉ်မတော်တဆမှု(၄၅၃)မှု ဖြစ်ပွားခဲ့ပြီး (၁၂၄)ဦးသေဆုံးကာ (၁၀၃၃)ဦးဒဏ်ရာရရှိခဲ့ သလို ယခုနှစ်(၂၀၁၆)ခုနှစ် အောက်တိုဘာလ(၅)ရက်အထိ ယာဉ်မတော်တဆမှု(၅၇၉)မှု ဖြစ်ပွားပြီး (၁၂၅)ဦးသေဆုံးကာ (၉၇၆)ဦးဒဏ်ရာရရှိခကြောင်း သိရသည်။ (၂၀၁၆) သြဂုတ်လတွင် ပညာပေး ကာလသတ်မှတ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလအရောက်တွင် ယာဉ်မတော်တဆမှုများ စတင်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။အရှိန်လွန်မောင်းနှင်မှုကြောင့် ဖမ်းဆီးအရေးယူတဲ့အခါ အိမ်စီးယာဉ်များ အများဆုံး ပါရှိကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့ဆင်းသွားသော်လည်း ရှေ့ဆက်ပြီး ဆက်လက် ကျဆင်းစေရန်အတွက် ပညာပေးမှုတွေ၊ စဉ်ဆက်မပြတ် လက်ကမ်းစာဆောင်ဖြန့်ဝေမှုတွေနဲ့ ယာဉ်မတော်တဆမှုများ ဆက်လက်ကျဆင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)