Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝင်း အတွင်း မဲရုံ ၆ ရုံတွင် မဲပေးပိုင်ခွင့် ရှိသူ ၉,၉၃၆ ဦးရှိ

တပ်မတော် အရာရှိများနှင့် တပ်မတော်သား မိသားစုများ ဆန္ဒမဲပေးရန် မဲလက်မှတ်များ ထုတ်ယူနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

နေပြည်တော် ဇေယျာ သီရိမြို့နယ် အနော်ရထာ ရပ်ကွက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝင်း အတွင်းရှိ မဲရုံ ၆ ရုံတွင် မဲပေးပိုင်ခွင့် ရှိသူ ၉,၉၃၆ ဦး ရှိကြောင်း အဆိုပါ တပ်အတွင်းမှ စုံစမ်း သိရသည်။

တပ်မတော်မှ အရာရှိများနှင့် တပ်မတော်သား မိသားစုများသည် အဆိုပါ မဲရုံ ၆ ရုံတွင် ဆန္ဒမဲ ပေးခဲ့ကြပြီး မဲပေးပိုင်ခွင့် ရှိသူ ၉,၉၃၆ ဦးတွင် ကြိုတင်မဲ ပေးသူ ၁,၆၅၉ ဦးနှင့် ယနေ့ မဲပေးသူ ၈,၂၇၇ ဦးရှိသည်။

ဇေယျာ သီရိမြို့နယ် အနော်ရထာ ရပ်ကွက်ရှိ တပ်နယ် ပြင်ပတွင် မဲရုံ ၉ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၅,၁၂၄ ဦးရှိရာ ကြိုတင်မဲ ၁,၇၄၆ဦး ပေးထားပြီး ဖြစ်သဖြင့် ယနေ့ မဲပေးသူ ၃,၃၇၈ ဦးရှိကြောင်း၊ ယင်းမဲရုံများတွင် တပ်မတော်သား အချို့နှင့် ဒေသခံများက မဲပေးလျက်ရှိကြောင်း သိရသည်။

“တပ်ထဲမှာတော့ အချိန်နဲ့ လူခွဲပြီး မဲလာပေးခိုင်း ထားတယ်၊ အကုန် မဲလာပေးကြတယ်” ဟု ဇေယျာသီရိမြို့နယ် အနော်ရထာ ရပ်ကွက် နဝဒေးခန်းမ မဲရုံမှ တာဝန်ရှိ ဗိုလ်မှူး တစ်ဦးက ပြောကြားသည်။

တပ်မတော် အရာရှိများနှင့် တပ်မတော်သား မိသားစုများ ဆန္ဒမဲပေးရန် မဲရုံသို့ လာရောက်ကြစဉ် (ဆင်ဟွာ)

တပ်မတော် အရာရှိများနှင့် တပ်မတော်သား မိသားစုများ ဆန္ဒမဲပေးရန် မဲရုံသို့ လာရောက်ကြစဉ် (ဆင်ဟွာ)

ဇေယျာသီရိ မြို့နယ် အနော်ရထာ ရပ်ကွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာ ခန်းမ အမှတ် (၁) တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တပ်မတော် ကြည်း၊ ရေ၊ လေ အရာရှိကြီးများ ယနေ့ မဲပေးလျက်ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117