Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ပြည်သူများ နှင့် အတူ ဆန္ဒမဲပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆန္ဒမဲပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးရန် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် မဲရုံ ၁ ၌ ယနေ့ နေ့လယ်တွင် ဆန္ဒမဲ ပေးခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့သည် မဲရုံသို့ ရောက်ရှိချိန်တွင် ပြည်သူများနှင့် အတူ တန်းစီ၍ မဲလက်မှတ်များ ရယူကာ ဆန္ဒမဲ ပေးခဲ့ကြသည်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့် ရှေ့ဆက် နိုင်ဖို့အတွက် အရေးကြီးသော သမိုင်းဝင် ခြေလှမ်း တစ်ခုဖြစ်ကြောင်း၊ ပြည်သူများ အနေနှင့်လည်း မိမိထောက်ခံ အားပေးသည့် ပါတီများ၊ ကိုယ်စားလှယ်လောင်းများကို ငြိမ်းငြိမ်းချမ်းချမ်း ထောက်ခံ အားပေးမှုများ ပြသ ဆောင်ရွက်ခဲ့ ကြသည့် အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲအကြို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ဆန္ဒမဲပေးရန် မဲလက်မှတ်များ ထုတ်ယူနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား ဆန္ဒမဲပေးပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

၎င်းက “ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဲဆန္ဒရှင် ပြည်သူများ ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သမ္မတလောင်းများကို ပြည်သူလူထု ကိုယ်စား ဆက်လက် မဲပေးရွေးချယ် သွားကြမှာ ဖြစ်ပါတယ်၊ ဒီလို ရွေးကောက်ပွဲ ရလဒ်များနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံရေး အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်များ အနေနဲ့လည်း လေးစား လက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်က ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်များ အပေါ် လေးစား လိုက်နာမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု သိရကြောင်း၊ အစိုးရနှင့် တပ်မတော် အနေနှင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာမည် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက်လည်း နိုင်ငံရေး အင်အားစု များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ အကြို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)