Connect with us

Politics, Law & Military

ထီဆုလက်မှတ်ပေါင်း ၁၁,၃၉၈ ဆုအား ဒီဇင်ဘာ ၂၈ ရက် အထိ ထုတ်ယူခြင်းမရှိပါက နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းယူမည်

အောင်ဘာလေ သိန်းဆု ဌာနခွဲ၏ ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၁၀ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ပေါက်မဲ ရရှိသည့် ဆုလက်မှတ်များ အပါအဝင် ဆုလက်မှတ်ပေါင်း ၁၁,၃၉၈ ဆုအား တောင်းခံခြင်း မရှိသေးသဖြင့် ယခု ဒီဇင်ဘာ ၂၈ ရက် အထိ ထုတ်ယူခြင်းမရှိပါက နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းယူမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ယနေ့ကြေညာခဲ့သည်။

ဆုရလက်မှတ်များကို ယခု ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာ ၂၈ ရက် အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေ သိန်းဆု ဌာနခွဲ ရုံးများသို့တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ကြေညာခဲ့သည်။

၁၀ ကြိမ်မြောက် ၅၀၀ ကျပ်တန်ထီမှ ထုတ်ယူခြင်း မရှိသေးသော ဆုမဲ စာရင်း အားလုံးကို မြို့နယ် အခွန် ဦးစီး ဌာနမှူး ရုံး အသီးသီးတွင် လည်းကောင်း ၊ www.irdmyanmar.gov.mm website တွင် လည်းကောင်း ကြေညာထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117