Connect with us

Politics, Law & Military

နေရပ် စွန့်ခွာ သူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လည်ရောက်ရှိကြောင်း သတင်း ထုတ်ပြန်

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ နေရပ် စွန့်ခွာ သူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လည်ရောက်ရှိကြောင်း ထုတ်ပြန်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်နေထိုင်လိုခြင်း မရှိသော နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ သဘော ဆန္ဒဖြင့် ယခု ကာလ အတွင်း ၎င်းတို့အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြန်လည် ဝင်ရောက်လာကြသူများအား ဒေသခံအဖွဲ့အစည်းများက တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီး အရေး ယူကာ အချို့ကို ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ ၎င်းတို့သည် မိမိ သဘောဆန္ဒဖြင့် ပြန်လည် ဝင်ရောက် လာကြသည့် နေရပ်စွန့်ခွာသူများ ဖြစ်ကြကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိ နေကြသော နေရပ် စွန့်ခွာသူ များသည် လိုအပ်သည့် ပုံစံများဖြည့်ရန်ကိစ္စ၊ လက်ခံရေး စခန်းများမှတစ်ဆင့် ပြန်လည်ဝင်ရောက်ရေးကိစ္စတို့ကို မသိရှိကြကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း သတ်မှတ်ထားသည့် ပြန်လည်လက်ခံရေးစခန်းတွင် စနစ်တကျ စိစစ်မှုများ ပြုလုပ်ကာ ကြားစခန်းတွင် ထားရှိနိုင်ရေးအတွက် ကျခံရသော ပြစ်ဒဏ်များကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသော နေရပ်စွန့်ခွာသူများအား အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ခြင်း ရှိ-မရှိ စိစစ် ပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၅၈ ဦးနှင့် တရားစွဲဆိုမှု ရုပ်သိမ်းခဲ့သူ ၄ ဦး၊ စုစုပေါင်း ၆၂ ဦးကို မေလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မှ ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး နှစ်နိုင်ငံ သဘော တူညီချက် များနှင့်အညီ လိုအပ်သည့် ပုံစံများဖြည့်စွက်ခြင်း၊ စိစစ်ခြင်း တို့ကို ပြုလုပ်ပြီးနောက် မကြာမီ လှဖိုးခေါင်ကြားစခန်းတွင် ခေတ္တနေရာချထားမှုများ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အကြမ်းဖက်မှုနှင့် ပတ်သက်သူများကိုမူ တရားဥပဒေစိုးမိုးရေး အရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေး သဘော တူညီချက်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြကြောင်း ၊ အလားတူ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက် တွင် သဘောတူညီခဲ့သည့်အတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိလာလျှင် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိပါက အရေးယူခြင်း ပြုမည် မဟုတ်ကြောင်းလည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအစီအစဉ် အတိုင်း ပြန်လည် ဝင်ရောက် လာသူများကို ငါးခူရ စခန်းတွင် စနစ်တကျ စိစစ်မှုများ ပြုလုပ်ပြီး ကြားစခန်း ဖြစ်သော လှဖိုးခေါင်တွင် ခေတ္တ နေရာချထားရန်လည်း နှစ်ဦးနှစ်ဖက် သဘောတူ ညီခဲ့ကြကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား သဘောတူညီထားသည့် အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်အဖွဲ့သည် ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့နှင့် ကော့ဘဇားမြို့များသို့လည်း ကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် ပူးတွဲလုပ်ငန်းအဖွဲ့ အနေဖြင့် မေလ ၂၇ ရက်နေ့တွင် ဒါကာမြို့သို့လည်းကောင်း သွားရောက်ခဲ့ကြပြီး ပြန်လည် လက်ခံရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို အသိပေးပြောကြားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.