Connect with us

Politics, Law & Military

တရားမဝင် တင်သွင်းလာသည့် ဆန်အိတ်များကို လေလံ စနစ်ဖြင့် ရောင်းချမည်

ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချမည့် ဆန်အိတ်များကို ရန်ကုန်ဆိပ်ကမ်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် တင်သွင်းလာသည့် ထိုင်းနိုင်ငံမှ ဆန်အိတ်များကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံ စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team) ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီး ရမိသော တရားမဝင် ဆန်များကို လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ဓာတ်ခွဲ စမ်းသပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်များ မဟုတ်ကြောင်း ဓာတ်ခွဲခန်းက အတည်ပြုလိုက်၍ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင် စနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက် နေကြောင်း Mobile Team အဖွဲ့မှ ညွှန်ကြားရေးမှူး တစ်ဦးကပြောကြားသည်။

ပြည်တွင်းသို့ အောက်တိုဘာလ အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် ဆန်အိတ်ပေါင်း ၈၄ဝ ကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၄ဝ ကျော်ကို အကောက်ခွန် အမှုတွဲများ ဖွင့်လှစ်ကာ သိမ်းဆည်း ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117