Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းတွင် မဲဆန္ဒနယ် ၁၄၉ နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မည်


ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာ အပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ပါတီ အနေဖြင့် ပြည်သူ့ လွှတ်တော် အတွက် ၄၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၁၂ ဦး၊ တိုင်းဒေသကြီး အတွက် ၉၀ ဦး၊ ကရင် ပြည်နယ်အတွက် တစ်ဦးနှင့် ရခိုင် ပြည်နယ် အတွက် တစ်ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ကြီး သုံးဦးဖြစ်သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်မှ ကျောက်တန်း မဲဆန္ဒနယ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးမှ လှည်းကူးမဲဆန္ဒနယ်၊ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းအောင်မှ လမ်းမတော် မဲဆန္ဒနယ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး စီပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ မရမ်းကုန်း မဲဆန္ဒနယ် တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှ ရွှေပြည်သာ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို ယနေ့ ရန်ကုန်မြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ကိုယ်စားလှယ်လောင်း ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် သြဂုတ်လ ၅ ရက်နေ့တွင် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်မည့် စာရင်းကို ထုတ်ပြန် ကြေညာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117