Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး

(၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွ့ဲလုံး ပါဝင် လက်မှတ်ရေးထိုး နိုင်ရေး ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ဆွေးနွေးလျှက် ရှိသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များနှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့သည် ဇူလိုင်လ ၂၆ ရက်မှ စတင်၍ ဆွေးနွေးခဲ့ပြီး NCA စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ပါဝင်နိုင်ရေး၊ စာချုပ်တွင် မည်သူများ ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးနှင့် အသိသက်သေ အဖြစ် မည်သူများ ပါဝင် လက်မှတ် ရေးထိုးရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) မှ ခေါင်းဆောင် (၂) ပူးဇင်ကျုံးက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ရန်ကုန်မြို့တွင် ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွင် သဘောတူထားသည့် အချက်အလက်များကို SD အဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ချင်းမိုင်တွင် တွေ့ဆုံပြီး ဆွေးနွေးလျှက်ရှိသည်။

အဆိုပါ ချင်းမိုင်တွင် ကျင်းပသည့် အစည်းအဝေး၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ဆုံးဖြတ် ချက်ပေး နိုင်မည့် ထိပ်သီး ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက် ဆွေးနွေးလျှက် ရှိသည်။

NCA စာချုပ်တွင် နိုင်ငံတကာ အသိသက်သေများအဖြစ် တိုင်းရင်းသားများ ဘက်က တရုတ်၊ အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ၊ ဂျပန်နှင့် အာဆီယံနိုင်ငံက ကိုယ်စားလှယ်များ ပါဝင် လက်မှတ်ရေးထိုး စေသော်လည်း အစိုးရဘက်က တရုတ်၊ အာဆီယံနှင့် ကုလသမဂ္ဂတို့သာ ပါဝင် လက်မှတ် ရေးထိုးလိုသည်။

“NCA မှာ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့လုံး ပါဝင်ရေး လိုလားနေ ပေမယ့် အစိုးရဘက်က ကိုးကန့်အဖွဲ့၊ တအောင်း ပလောင်တပ်ဖွဲ့နဲ့ ရခိုင်တပ်မတော် အပါအဝင် ၆ ဖွဲ့လောက်ကို လက်မခံနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင် ညှိနှိုင်းနေ ကြပါတယ်” ဟု တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) တို့ သြဂုတ်လ ပထမပတ် အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အပြီးသတ် ရေးအတွက် ရန်ကုန်တွင် ထပ်မံ ဆွေးနွေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.