Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆(က) ကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ စတင်ဆွေးနွေး

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇွန် ၂၃ရက်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းမှ ပုဒ်မ ၄၃၆ (က) ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စတင်ဆွေးနွေးခဲ့ကြသည်။

ပုဒ်မ ၄၃၆ (က) အား ပြင်ဆင်ရေး အတွက် ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ယောက် မှ ဆွေးနွေးခဲ့ကြသည်။

ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၄၃၆ (က) ပြင်ဆင်ရေးအတွက် ဆွေးနွေးခဲ့သည့် ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “ ဒီနေ့ကတော့ ၁၅ ယောက် ဆွေးနွေးတယ်။ မနက်ဖြန် ၂၄ ရက်နေ့မှာ ၁၆ ယောက်ဆွေးနွေးမယ်။ ၂၅ ရက်နေ့မှာ ၅ ယောက်ဆွေးနွေးမယ်။ အားလုံးပြီးပြီဆိုမှ အတည်ပြုမပြု ဆိုတာကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမှာပါ” လို့ပြောပါတယ်။

ယနေ့ ဆွေးနွေးမှုတွင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပုဒ်မ ၄၃၆ (က) အရ လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်ဆင်လို့ ရမည်ဆိုသည့် အချက်နေရာတွင် လွှတ်တော် ကိုယ်စားလှယ်များ ၏ ၇၀ ရာခိုင်နှုန်းကျော်မှ ထောက်ခံလျှင် ပြင်ဆင်နိုင်မည်ဆိုသည့် အချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံံ့ဖြိုးရေးပါတီမှ ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းအပေါ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးသိန်းဇော်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံချက် နှင့် ဇွန်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ပြီး၊ အဆိုပါ ပြင်ဆင်ချက်များထဲမှ ပုဒ်မ ၄၃၆ (က) ကို ယနေ့ တွင် စတင်ဆွေးနွေးခြင်း ဖြစ်သည်။

၄၃၆ (က) ကို ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးပြီးပါက မဲခွဲ ဆုံးဖြတ်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်မှ ထောက်ခံပါက ၎င်းပုဒ်မ အတည်ဖြစ်မည် ဖြစ်သည်။ (Xinhua)