Connect with us

Politics, Law & Military

မောင်တောနှင့် ဘူးသီးတောင် ဒေသတို့မှ ဝန်ထမ်းများ ပြန်လည် တာဝန် ထမ်းဆောင်နိုင်ရေးနှင့် နေရပ်စွန့်ခွာလာသူများအတွက် ဆွေးနွေး

စစ်တွေမြို့တွင် ပြည်သူများ အေးချမ်း လုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် စစ်ထွေမြို့တွင် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပနေစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မောင်တောနှင့် ဘူးသီးတောင် ဒေသတို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်း ဆောင်နိုင်ရေးနှင့် နေရပ်မှ ခေတ္တ စွန့်ခွာလာသူများ နေရပ်သို့ အေးချမ်း လုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ပြည်နယ် အစိုးရ ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပလျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဝန်ထမ်းများနှင့် ပြည်သူများအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အပြည့်အဝ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပြည်သူများ ၎င်းတို့နေရပ် ပြန်လည်နေထိုင်ပြီးချိန်တွင် လုပ်ကိုင် စားသောက်နိုင်ရန် အတွက် ကူညီပံ့ပိုးပေးမည့်အစီအစဉ်များ၊ ပြည်သူများ နေရပ်မှ ခေတ္တစွန့်ခွာလာ သောကြောင့် နေရပ်သို့ ပြန်နိုင်ရေး အတွက် ပြည်နယ်အစိုးရမှ တာဝန်ယူ စီစဉ်ဆောင်ရွက်နေမှု အခြေအနေ များနှင့် ပြည်ထောင်စု အစိုးရမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ဆွေးနွေး ခဲ့ကြသည်။

ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်မြေဒေသ အေးချမ်းလုံခြုံရေး တို့အတွက် တိုင်းရင်းသား ဒေသခံများ နေထိုင်သည့် ကျေးရွာချင်းဆက် လမ်းများအား ဘဏ္ဍာနှစ် အလိုက် စီမံချက်ချ ဖောက်လုပ် ဆောင်ရွက်ပေးရေး၊ အသေးစား ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေးနှင့် ရေရှည် အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များ ကျွမ်းကျင် တတ်မြောက်စေရေး အတွက် သက်မွေး ပညာသင်ကျောင်းများ ဖွင့်လှစ် ဆောင်ရွက်ရေး စသည့် ရေတိုရေရှည် ဆောင်ရွက်သွား ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.