Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၁ဦး ဖမ်းဆီးရမိ

အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများနှင့် ပစ်ခတ်နေရသော နေရာပြမြေပုံ(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ငါးခူရ ရဲစခန်းအား အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၁၁ဦးအား ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ငါးခူရကျေးရွာအုပ်စု၊ အလယ်ရွာ၌ အောက်တိုဘာ ၁၈ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ၁၁ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ ၁၁ဦးမှ တစ်ဆင့် အကြမ်းဖက် တိုက်ခိုက်သူများအား ထပ်မံဖမ်းဆီး ရမိရေး အသေးစိတ် မေးမြန်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ငါးခူရအလယ်ရွာမှ ထွက်ပြေး တိမ်းရှောင် နေသူတစ်ဦး၏ နေအိမ်အား ဝင်ရောက် ရှင်းလင်းရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းမှ တစ်လုံးထိုး ခေါက် သေနတ် တစ်လက်နှင့် ၎င်းကျည် ၁၁ တောင့် တို့ကို သိမ်းဆည်းရမိခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အောက်တိုဘာ ၁၉ရက်နေ့ နံနက် ၁၁ နာရီ ခွဲခန့်တွင် ကျားခေါင်းတောင်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၈၀ဝ အကွာခန့်ရှိ တောင်ကုန်းသို့အရောက် သစ်ပင်၏အနောက်ဘက်တွင် ပုန်းအောင်းနေသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ နှစ်ဦးက အရိုး ၁၀ လက်မ၊ အသွား ၁၂ လက်မရှိ ဓားဖြင့် တပ်မတော် စစ်ကြောင်းမှ စစ်သည် တစ်ဦးအား ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ရန် ပြေးဝင်လာရာ ရပ်တန့်ရန် အော်ဟစ်တားမြစ်သော်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ပြေးဝင်လာ၍ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရှင်းလင်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.