Connect with us

Politics, Law & Military

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌ ညမထွက်ရအမိန့် နှစ်လထပ်မံတိုးမြှင့်

မောင်တော်မြို့ဝင်ဂိတ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နှစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဒေသပိုမိုတည်ငြိမ်အေးချမ်းရေး၊ပြည်သူများတည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သုံးသပ်ရသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက အမိန့်အမှတ် ၂/၂၀၁၇ကို အသီးသီး ထုတ်ပြန်လိုက်သည်။မောင်တောမြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၌ ည၁၀ နာရီမှ နံနက် ၄ နာရီအထိလည်းကောင်းဇွန် ၉ ရက်မှစတင်၍ ၂ လပြည့်မြောက်သည်အထိ ညမထွက်ရအမိန့်၁၄၄ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။(Xinhua)