Connect with us

Politics, Law & Military

မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေး၌ နှစ်နိုင်ငံ မြေထိန်း နံရံတည်ဆောက်ခြင်းဆွေးနွေး

မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးကျင်းပနေစဉ်(ဓတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

(၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြား ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံ မြေထိန်း နံရံတည်ဆောက်ခြင်းများကို ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးရာ နှစ်နိုင်ငံအားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ မြေထိန်း နံရံတည်ဆောက်ခြင်း လုပ်ငန်းများ၊ သဲစုပ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆိုင်ရာများနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြား ကော်မတီ အစည်းအဝေးကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ City Home စားသောက်ဆိုင်ခန်းမတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.