Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ဖြစ်စဉ်များအား တရား ဥပဒေ စိုးမိုးရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Bert Koenders နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံ တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်နေစဉ် (ဓာတ်ပုံ- MOI)

နေပြည်တော် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များအား အစိုးရ အဖွဲ့အနေဖြင့် ပြဿ နာအားအကောင်းဆုံးဖြစ်အောင်၊ မျှမျှတတဖြစ်အောင် တရား ဥပဒေ စိုးမိုးရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေသည်ဆိုသည်ကို ကမ္ဘာ့နိုင်ငံများ အားလုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားခဲ့သည်။

အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ရရှိရေးအတွက် အကောင်းဆုံး လုပ်ဆောင်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ထို့အတူ အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားရသည့် ဇစ်မြစ်များကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် မည်သူ့ကိုမျှ စွပ်စွဲသွားမည် မဟုတ်ကြောင်း၊ အထောက်အထား ခိုင်လုံမှသာ စွဲချက်တင်သင့်လျှင် တင်မည်ဖြစ်ကြောင်း၊ လူ့အခွင့် အရေးနှင့်ပတ်သက် ၍ မြန်မာ အစိုးရ အနေဖြင့် အကောင်းဆုံးကြိုးစား ဖြေရှင်းနေကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်များအပေါ် စုံစမ်း စစ်ဆေးမှုများ စနစ်တကျ ပြုလုပ်နေကြောင်း၊ ထိုအခြေအနေများမှာ နှစ်ပေါင်းများစွာအမြစ် တွယ်လာသည့် အတွက် နေ့ချင်းညချင်းဖြေရှင်း၍ ရနိုင်မည်မဟုတ်ကြောင်း၊ လူ့အခွင့်အရေး အဓိပ္ပာယ်မှာ ကျယ်ပြန့်သည် ဆိုသည်ကို အားလုံးနားလည် သဘောပေါက်ရန် လိုအပ်ကြောင်း၊ လူ့အခွင့် အရေးပြဿ

နာကိုအစိုးရတစ်ခုတည်း ကိုင်တွယ်ဖြေရှင်း၍ မရဘဲ ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ် ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Bert Koenders နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.