Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တော တွင် ကျပ်သိန်းပေါင်း ၉၈,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

ဖမ်းဆီးရမိသူနှင့် အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၉၈,၈၁၉ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က မတ် ၃ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဖြစ်စဉ်မှာ မတ်လ ၂ ရက် ၁ရး၃၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်ရှိဂိုဒေါင်တစ်လုံးနှင့် အဆိုပါ ဂိုဒေါင်မှ ဆာလာအိတ်များအား တင်ဆောင်နေသည့်မော်တော်ယာဉ်အား ဝင်ရောက်ရှာဖွေခဲ့ရာမှ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ရှာဖွေရာတွင် မောင်တောမြို့၊ မြို့ဦး ကုလားရွာနေ ဆော်ဒူလာမိန် ၂၁ နှစ်အားတွေ့ရှိပြီး မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းနှင့် ဂိုဒေါင် အတွင်းရှိ ဆာလာအိတ်များအတွင်းတို့မှ ဖယောင်းစက္ကူများဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၄၀,၉၆၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၈,၈၁၉ ဒသမ၂ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

၎င်းအား မောင်တောမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117