Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အခြေအနေများနှင့် ပင်လုံညီလာခံဆောင်ရွက်နေမှုများကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်မှ နိုင်ငံတကာ သံတမန်များအား ရှင်းလင်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ အခြေစိုက် သံရုံးများ မှ သံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရ၏ ၂၁ ရာစုပင်လုံညီလာခံ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ နိုင်ငံတကာမှ သံတမန်များအား ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဖွဲ့စည်းကာ ရခိုင်ပြည်နယ်တွင်း ဆောင်ရွက်မှု အခြေအနေများနှင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်(NCA) ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အခြေအနေများအား သံတမန်များအား ၎င်းက ရှင်းလင်းပြောကြား ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ အခြေစိုက် သံရုံးများ မှ သံအမတ်ကြီးများနှင့် သံတမန်များ မိတ်ဆက်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်း က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဋ္ဌာန (NRPC) ရုံးတွင်ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ၊ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း နှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီး များနှင့် သံတမန်များ အပါအဝင် ၆၀ ဦးခန့် တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.