Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး လမ်းပိုင်း၌ ပြေးဆွဲနေသည့် ရထားတွဲဆိုင်းများတွင် လူစီးတွဲသစ်များဖြင့် ဇန်နဝါရီ တတိယပတ်တွင် အစားထိုး လဲလှယ်ပြေးဆွဲသွားမည်

ရန်ကုန်-မန္တလေး လမ်းပိုင်း၌ ပြေးဆွဲနေသည့် ရထား တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ခရီးသွားပြည်သူများ အဆင်ပြေ သက်သာစွာ စီးနင်းနိုင်ရေးအတွက် ရန်ကုန်-မန္တလေး လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ်(၅)အဆန်၊ အမှတ်(၆) အစုန် ရထားတွဲဆိုင်းများတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ China Southern Railways (CSR) ၏ Sifang Co.,Ltd. မှ ထုတ်လုပ်သည့် လူစီးတွဲသစ်များ အား ဇန်နဝါရီ တတိယပတ်တွင် အစားထိုး လဲလှယ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ယခုအခါတွင် အမှတ်(၅) အဆန်၊ အမှတ်(၆)အစုန် ရထားတွဲဆိုင်းများတွင် အစားထိုးလဲလှယ်ပြေးဆွဲမည့် စက်ခေါင်းသစ်နှင့်လူစီးတွဲသစ်(၁၈) တွဲပါ ရထားတွဲဆိုင်း များသည် စတင်စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sifang Co., Ltd. မှ လူစီးတွဲသစ် ၆ဝ မှာယူထားပြီး အပြီးသတ် တည်ဆောက် ပြီးသည့် လူစီးတွဲသစ် (၃၉) တွဲအနက် ယခု (၁၈) တွဲသည် ပထမအသုတ် အဖြစ် စမ်းသပ်မောင်းနှင်ခြင်းဖြစ်ပြီး ယင်းစက်ခေါင်းနှင့် လူစီးတွဲသစ်များသည် လေအိတ်များ တပ်ဆင် ထားသဖြင့် ခုန်ခြင်း၊ ဆောင့်ခြင်း၊ လူးလွန့်လှုပ်ခါခြင်းများ သက်သာ၍ ရထားစီးခရီးသည်များ သက်သောင့်သက်သာ စီးနင်းနိုင်တော့မည်ဖြစ်သည့်အပြင် စက်ခေါင်းသစ်များသည် ကွန်ပျူတာ ထိန်းချုပ်စနစ်များ တပ်ဆင်ထားသည့် အဆင့်မြင့် စက်ခေါင်းများဖြစ်သဖြင့် မြေပြန့်လမ်းပိုင်းသာမက တောင်ပေါ်လမ်းပိုင်းများတွင် လည်း အသုံးပြုပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုအတူ ဒုတိယအသုတ်အဖြစ် လူစီးတွဲသစ်(၁ဝ)တွဲသည် ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ နေပြီး ကျန်ရှိသည့်လူစီးတွဲသစ်(၁၁)တွဲသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဇန်နဝါရီ ၂ဝ ရက်တွင် ထပ်မံရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.