Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁.၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar )

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁.၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် သတင်းအရ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားတွင် ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အာကာစိုးမိုး(ခ)အာကာ ၂၉ နှစ် မောင်းနှင်ပြီး ပြည့်စုံဦး ၂၂ နှစ် လိုက်ပါလာသည့် ISUZU LIGHT TRUCK မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်းအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းပြားအား သိမ်းဆည်းရမိခဲ့ပြီး ယင်းဆေးပြားများကို တန့်ယန်းမြို့၊ အမှတ်(၄)ရပ်ကွက်နေ စိုင်းနောင်(ခ)စိုင်းကျော်လင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)