Connect with us

Politics, Law & Military

လွှတ်တော်များ၌ ကာ/လုံ ကော်မတီ ဖွဲ့စည်းခွင့် ပယ်ဖျက်ခြင်း အပါအဝင် ပြင်ဆင်ချက် ၁၅ ခုလုံး မူလပြဌာန်းချက်အတိုင်း ထားရှိရန် အတည်ပြု

စာပုဒ်မ ၄၃၆ (ခ) အောက်ရှိ ဆန္ဒမဲ လက်မှတ် (၁) အတွက် မဲများ ရေတွက်နေကြစဉ်(ဆင်ဟွာ)

 

နေပြည်တော်၊ မတ်လ ၁၆ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများအနက် ပုဒ်မ ၄၃၆ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုတို့ကို စုစည်း ထားသော ဆန္ဒမဲ လက်မှတ် ငါးစောင်အနက် လက်မှတ်နံပါတ် (၁)အတွက် မဲခွဲခြင်းအား ယနေ့ ပြည်ထောင်စု လွှတ်တော်၌ ဆောင်ရွက်ခဲ့ရာ လွှတ်တော်၌ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ ဖွဲ့စည်းရေး ဆိုင်ရာ ပုဒ်မ ၁၁၅ (ခ)နှင့် ၁၄၇ (ခ) အား ပယ်ဖျက်ခြင်း အပါအဝင် ပြင်ဆင်ချက် ၁၅ ခုစလုံး အတွက် ရရှိသော ထောက်ခံမဲမှာ လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း မကျော်သော ကြောင့် မူလ ပြဌာန်းချက်များအတိုင်း ဖြစ် ကြောင်း ပြည် ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သည်။

ယနေ့ ဆန္ဒမဲ ပေးခဲ့ကြသည့် ပုဒ်မ ၄၃၆ (ခ) တွင် အကျုံးဝင်သည့် ဆန္ဒမဲ လက်မှတ် (၁) ပါ ပြင်ဆင် ချက် ၁၅ ချက်တို့တွင် ပုဒ်မ ၁၁၅ (ခ)နှင့် ၁၄၇ (ခ) တို့အား NLD ပါတီမှ ဦးထွန်းထွန်းဟိန်က ပယ်ဖျက်ထားခြင်း၊  နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် ဖြစ်သည့်  ပုဒ်မ ၂၀၄ (ခ) ၏ မူလပြဋ္ဌာန်းချက်ပါ “အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ” ဟူသော စာသားအား NLD ပါတီမှ ဦးထွန်း ထွန်းဟိန်က ပယ်ဖျက်ခြင်း စသည့် ပြင်ဆင်ချက်များလည်း ပါဝင်ခဲ့သည်။ ပုဒ်မ ၄၃၆ (ခ) အောက်တွင် အကျုံးဝင်သည့် ပုဒ်မ ၊ပုဒ်မခွဲများ ပါဝင်သော ဆန္ဒမဲ လက်မှတ် (၂) အတွက် မဲခွဲခြင်းကို ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.