Connect with us

Politics, Law & Military

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား ပြည်ထောင်စု လွှတ်တော်၌ ကျင်းပ

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ အရေးအတွက် ပြည်သူများ ပါဝင်ဆောင်ရွက် ဟူသည့် ဆောင်ပုဒ်ဖြင့် ယခု ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy 2015) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင် ဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပွင့်လင်း မြင်သာပြီး လွတ်လပ်၍ တရားမျှတမှု ရှိသော ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးနိုင်ရန်မှာ မဲဆန္ဒပေးပိုင်ခွင့် ရှိသော ပြည်သူများ အားလုံး တာဝန်သိသိ နိုးကြား တတ်ကြွစွာ ပါဝင်ရေးသည် အလွန် အရေးကြီးသော လိုအပ်ချက် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့နိုင်ငံတော် သမ္မတထံမှ သဝဏ်လွှာ ပေးပို့ရာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်စေရန် နိုင်ငံတော် အစိုးရသည် အစွမ်းကုန် ကူညီ ဆောင်ရွက်မည် ဖြစ်ပြီး အနာဂတ် နိုင်ငံတော်သစ် တစ်ရပ်ကို ဖန်တီး တည်ဆောက်နိုင်ရန် အတွက် မဲဆန္ဒရှင် ပြည်သူများ အားလုံးကလည်း တာဝန် ကျေပွန်ကြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ပြည်သူ အားလုံးက နိုင်ငံသား တာဝန် ဖြစ်သည့် ဆန္ဒမဲပေးခြင်း တာဝန်ကို မပျက်မကွက် ထမ်းဆောင်ကြရမည် ဖြစ်သည်။ ဆန္ဒမဲ ပေးရာတွင် မိမိတို့ကို အမှန်တကယ် ကိုယ်စားပြုမည့် ပြည်သူများ၏ လိုလားချက် များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် အရည်အသွေးရှိသည့် လူထု ကိုယ်စားလှယ် များကို ရွေးချယ် တင်မြှောက်ရန် အထူး အရေးကြီးကြောင်း ၊ မှန်ကန်သော ရွေးချယ်မှုများဖြင့်သာ နိုင်ငံသား အားလုံး၏ မျှော်မှန်းချက် ဖြစ်သည့် ဒီမိုကရေစီ ထွန်းကားပြီး ပွင့်လင်း လွတ်လပ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ရေးကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ က ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

ယခုနှစ် အခမ်းအနားတွင် ကျောင်းသား လူငယ်များ စာတမ်း ၊ မြန်မာပြည်သူ့ဖိုရမ်၏ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု စာတမ်းအပါအဝင် နိုင်ငံရေးပါတီ ၂၀ မှ စာတမ်းများလည်း ပါဝင် ဖတ်ကြားခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ စစ်မှန်သော အောင်မြင်မှု အတိုင်းအတာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မည်မျှ ခရီးရောက်ပြီး မည်မျှ အနှစ်သာရ ရှိသည်ဆိုသည်ကို ထင်ရှားစွာ ပြသမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အမှန်တကယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး အပါအဝင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် အများအပြား ရှိသေးကြောင်း ၊ ယင်းလုပ်ငန်းများအနက် လောလောဆယ် အထူးအလေးထား ဆောင်ရွက်ရမည်မှာ နိုဝင်ဘာလ ၈ ရက်တွင် ကျရောက်မည့် အထွေထွေ ရွေးကောက်ပွဲကြီး လွတ်လပ် တရားမျှတပြီး တည်ငြိမ် အေးချမ်းစွာ ဖြစ်မြောက်ရေးနှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ပြည်သူ့ဆန္ဒကို လေးစား အကောင်အထည် ဖော်နိုင်ရေးတို့ဖြစ်ကြောင်း (NLD) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနက် ဒီမိုကရေစီ စနစ်ကို ခံယူကျင့်သုံးလျှက် ရှိသော နိုင်ငံ အသီးသီးတွင် ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားများ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပ ပြုလုပ်ခဲ့ရာ ယခုနှစ်သည် ၅ ကြိမ်မြောက် အခမ်းအနား ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၅ ခုနစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ပြည်ထောင်စု လွှတ်တော် တရားသူကြီးချုပ် ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဌ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ၊ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ၊ အမျိုးသား လွတ်တော် ဒုတိယ ဥက္ကဌ အပါအဝင် ပြည်ထောင်စုဝန်ကြီး/ဒုတိယ ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ ပါဝင် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.