Connect with us

Politics, Law & Military

ဝ နှင့် မိုင်းလား အဖွ့ဲတို့ကို ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက် ပါဝင်စေလို ဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၊ ဝ နှင့် မိုင်းလား အဖွဲ့တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရွှေတြိဂံ ရိပ်သာ အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်း လျှောက်လှမ်းရာတွင် “ဝ” အထူးဒေသ -၂ နှင့် မိုင်းလား အထူးဒေသ- ၄ တို့ ဆက်လက် ပါဝင်စေလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် က ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲပြီး နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ လမ်းကြောင်းသို့ လျှောက်လှမ်းရာတွင် “ဝ” အထူးဒေသ -၂ နှင့် မိုင်းလား အထူးဒေသ- ၄ တို့သည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် သမိုင်းကြောင်းတွင် ပါဝင် လျှောက်လှမ်းခဲ့သည့် အစဉ်အလာ ကောင်းများနှင့် အညီ ဆက်လက် ပါဝင် စေလိုပါကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရန် “ဝ” အထူးဒေသ -၂ နှင့် မိုင်းလား အထူးဒေသ- ၄ အဖွဲ့များကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင်ပါဝင် ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကိုနှစ်ဦး နှစ်ဘက် ပူးပေါင်းဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာမခံချက် ရှိသည့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ ဆောင်ရွက် နိုင်ရေးသည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်ရေး အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအောင်မင်း နှင့် ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် “ဝ” အထူး ဒေသ -၂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရီ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ဝင်များ ၊ မိုင်းလား အထူးဒေသ – ၄ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ သည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရွှေတြိဂံရိပ်သာ အစည်းအဝေးခန်းမ၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်မြေ ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ (Xinhua)