Connect with us

Politics, Law & Military

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများ ဆွေးနွေးခြင်း အစီအစဉ် ပြီးဆုံး 

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ

နေပြည်တော်၊ မတ်လ ၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၁၄၇ ဦးတို့၏ ဆွေးနွေးခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေး အပြီး ညနေပိုင်း၌ ပြောကြားခဲ့သည်။

ထို့အပြင် လွှတ်တော် နာယကက “အထက်ပါ ဥပဒေမူကြမ်းပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားတဲ့ ဆန္ဒမဲ လက်မှတ်(၁)အတွက် လွှတ်တော်ရဲ့ အဆုံး အဖြတ် ရယူခြင်း အစီအစဉ်ကို ၁၀ – ၃ – ၂၀၂၀ ရက် အင်္ဂါနေ့တွင် စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ကြေညာပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်အရ ဖေဖော်ဝါရီ ၂၅၊ ၂၆၊ ၂၇၊ ၂၈ နှင့် မတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ စုစုပေါင်း ခုနစ်ရက်တာ အတွင်း ကိုယ်စားလှယ် ၁၄၉ ဦးတို့ ဆွေးနွေးရန် လျာထားခဲ့ရာ ကိုယ်စားလှယ် ၁၄၇ ဦး တို့ ဆွေးနွေးနိုင်ခဲ့ကြသည်။ပြင်ဆင်ချက် ဥပဒေမူကြမ်းများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူရေး အစီအစဉ်အား နိုင်ငံ တော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ စဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲ လက်မှတ် အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် သက်ဆိုင်သော ပြင်ဆင်ချက်များ အတွက် အဆုံးအဖြတ် ရယူခြင်း လေးကြိမ်နှင့် ပုဒ်မခွဲ (ခ) နှင့် သက်ဆိုင်သော ပြင်ဆင်ချက်များအတွက် အဆုံး အဖြတ် ရယူခြင်း ငါးကြိမ်ခွဲပြီး ဆောင်ရွက်ရန် လျာထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယမန်နေ့က ပြောကြားခဲ့ပြီး ဖြစ်ရာ မတ်လ၁၀ ရက်၊ အင်္ဂါနေ့တွင် စတင်ဆောင်ရွက်မည့် အစီအစဉ်သည် ပုဒ်မ ၄၃၆ (က) အတွက် ပထမအကြိမ် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.