Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၌ ခြောက်ရက်အတွင်း ငွေကျပ် ၉၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကွတ်ခိုင်မြို့နယ်၌ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ - cincds)

ရန်ကုန် ၊ မတ် ၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် နေရာများ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ် ၄ ရက် အထိ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ၉၃ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

ကောင်းခါးကျေးရွာ၊ လွယ်ခမ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ် ၄ ရက်အထိ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၃,၈၂၅,၀၀၀ ပြား ၊ ဘိန်းဖြူ ၁၂၇,၁၄၀ ဂရမ် ၊ ဘိန်းဖြူခဲ ၅ ခဲ(၁ ဒသမ ၆ ကီလိုဂရမ်)၊ ဆေးပြားအကြေမှုန့် ၂,၆၅၀ ဂရမ်၊ ICE ၁၂ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းမူးယစ် ဆေးဝါးများခန့်မှန်းတန်ဖိုးငွေကျပ် ၉၁ ဘီလီယံကျော်) ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း ၉၉ မျိုး(စုစုပေါင်းကာလတန်ဖိုးအနေဖြင့် ၁ ဘီလီယံကျော်) ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ၉၃ ဘီလီယံကျော်ဖြစ်ကြောင်း ၊ ယင်းနယ်မြေတစ်ဝိုက်အား နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ သိမ်းဆည်းရမိမှုများမှာ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းများအရ ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၂၈ ၊ ၂၉ ရက် နှင့် မတ် ၁ ရက်တို့တွင် ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်အား မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက  ဆက်လက် ရှာဖွေစစ်ဆေးခဲ့ရာ ငွေကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာတစ်ဝိုက်အား နယ်မြေ လုံခြုံလုပ်ငန်းများ ဆောင်ရွက်စဉ် မတ် ၄ ရက်တွင် ကောင်းခါးကျေးရွာ၏အရှေ့ ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ လွယ်ခမ်ကျေးရွာနှင့် အနီးတစ်ဝိုက်တို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.