Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၇ နေရာ အတွက် အနိုင်ရ ကိုယ်စားလှယ်များ၏ အမည်စာရင်းများ ထုတ်ပြန် ကြေညာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မဲရလဒ် အမည်စာရင်းများ ထုတ်ပြန် ကြေညာနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာ အနက် မဲဆန္ဒနယ် ၇ နေရာတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား ယနေ့ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့သည်။

ယခု ထုတ်ပြန်ကြေညာမှုများ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲဆန္ဒနယ်မြေ ၅ နေရာတွင် လည်းကောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲဆန္ဒနယ်မြေ ၁ နေရာတွင် လည်းကောင်း ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီမှ မဲဆန္ဒနယ်မြေ ၁ နေရာတွင် လည်းကောင်း အနိုင်ရရှိထားကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မြေများ အတွက် ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ် အမှတ်(၁)တွင် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ(ကယားပြည်နယ်)မှ ဦးသဲရယ် က ၃၃၅၁ မဲဖြင့် လည်းကောင်း ၊ ရှမ်းပြည်နယ် ညောင်ရွှေမဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခင်မောင်ဝင်းက ၁၇၂၀၄ မဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမင်းက ၃၁၃၆၉ ဖြင့် လည်းကောင်း ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြစိန်က ၁၅၇၅၆ မဲဖြင့်လည်းကောင်း ၊ ကော့မှူး မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူးက ၃၈၀၂၈ မဲဖြင့် လည်းကောင်း ၊ မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးအောင်ကြည်သိန်းက ၁၉၆၆၇ မဲဖြင့် လည်းကောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးညွန့်အောင်က ၉၅၉၂၃ မဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။ (Xinhua)