Connect with us

Politics, Law & Military

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း၍ စွမ်းအင် ချွေတာသည့် ASEAN Green Hotel Standard Award 2016-2018 ဆုကို Kempinski ဟိုတယ်ရရှိ

Kempinski ဟိုတယ် (နေပြည်တော်) အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အာဆီယံနိုင်ငံများ အကြား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း၍ စွမ်းအင် ချွေတာသည့် ASEAN Green Hotel Standard Award 2016-2018 ဆုကို Kempinski ဟိုတယ် (နေပြည်တော်)မှ ဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်၍ စွမ်းအင် ချွေတာသည့် အာဆီယံ ဟိုတယ် အသိုင်းအဝိုင်း ဖြစ်လာစေရန် ရည်ရွယ်ပြီး South East Asian Nations (ASEAN) Green Hotel Standard အဖွဲ့မှ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် ASEAN Tourism Forum (ATF) 2016 အခမ်းအနား၌ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆုသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရေဆိုး စနစ်တကျ စွန့်ပစ်မှုအပေါ် စီမံခန့်ခွဲမှု၊ စွမ်းအင်နှင့် ရေအသုံးချခြင်း စီမံခန့်ခွဲမှု၊ သဘာဝ ထုတ်ကုန်များ အသုံးပြုမှု၊ ဟိုတယ်အတွင်း နှင့်အပြင် လေကောင်းလေသန့် ရရှိမှု၊ အသံဆူညံမှုကို စီမံခန့်ခွဲမှု စသည့် အကျိုးရှိသည့် လုပ်ငန်းများ လုပ်ဆောင်မှုများ အပေါ် အသိအမှတ်ပြု ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Kempinski ဟိုတယ် (နေပြည်တော်) သည် ဟိုတယ်စတင် ဖွင့်လှစ်ခဲ့သည့် တစ်နှစ်တာ အတွင်း Best Luxury Hotel, Myanmar 2015 ဆု ၊ Mekong Tourism Alliance Awards (MTAA)မှ ချီးမြှင့်သည့် မြန်မာနိုင်ငံ အတွက် The Best Five Star Hotel of the Year 2015 ဆု၊ Myanmar Property Award မှ ချီးမြှင့်သည့် Best Landscape Architecture Design ၊ Best Hotel Development နှင့် Best Hotel Interior Design ဆုတို့ကို ၂ဝ၁၅ ခုနှစ်အတွင်း ရရှိထားပြီး ယခုဆုသည် ခြောက်ဆုမြောက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.