Connect with us

Politics, Law & Military

ဥရောပသမဂ္ဂ (EU) မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ပြုပြင် ပြောင်းလဲရေး အတွက် ထောက်ပံ့ သင်ကြားမှုကို ငါးနှစ်ထပ်မံ တိုးမြှင့်မည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ လေ့ကျင့်နေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲရေး အတွက် ထောက်ပံ့ သင်ကြားမှုကို ငါးနှစ်ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂမှ လူထု အခြေပြု အဖွဲ့အစည်းများ ဆိုင်ရာကဏ္ဍ ခေါင်းဆောင် Ms. Karin Deckenbach ကပြောသည်။

အဆိုပါ ထပ်မံ တိုးမြှင့် လိုက်သည့် ငါးနှစ်တာ ကာလအတွင်း လူစုလူဝေး စနစ်တကျ စီမံခန့်ခွဲမှု အပိုင်းများ၊ ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ် အပိုင်းများ၊ ရဲတပ်ဖွဲ့နှင့် မီဒီယာများ၏ ပြောကြားချက်တွင် ချိတ်ဆက်မှု နှင့် ပတ်သက်သည့် အပိုင်းများကို ထည့်သွင်း သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နည်းပညာပိုင်း ဆိုင်ရာ အသေးစိတ် အပိုင်းများနှင့် ရဲတပ်ဖွဲ့မှ မှုခင်းများ စုံစမ်း ထောက်လှမ်းရာတွင် နည်းပညာများ ပေါ်ထွက်လာ စေရန်နှင့် ရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့် များအား ဥပဒေနှင့် ထောက်ပံ့ ပေးနိုင်ရန် အပိုင်းများ ကိုလည်း အသေးစိတ် သင်ကြားေ ပးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ထောက်ပံ့ သင်ကြားမှု ငါးနှစ် သက်တမ်း တိုးမြှင့်ခြင်းကို ယခုနှစ် ဧပြီလအတွင်း စတင်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.