Connect with us

Science & Technology

ဘူးသီးတောင်မြို့နယ်ရှိ အိမ်ထောင်စု ၁၃၀၀ကျော် လျှပ်စစ်မီး စတင်ရရှိ

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသော ဓာတ်အားခွဲရုံအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အိမ်ထောင်စု ၁၃၀၀ကျော်သည် အောက်တိုဘာ ၃၀ ရက်မှ စတင်ပြီး လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အား 66/ 11 kV, 5 MVA ဓာတ်အားခွဲရုံမှတစ်ဆင့် လျှက်စစ်မီးအား ဖြန့်ဖြူးထုတ်လွှတ်ပေးပြီး ဒီဘူးသီးတောင် ဓာတ်အားခွဲရုံသို့ ပုဏ္ဏားကျွန်း- ရသေ့တောင် ခွဲရုံမှတစ်ဆင့် ဆွဲယူထုတ်ပေးခဲ့ကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံသည် ဘူးသီးတောင်မြို့ ရပ်ကွက် ခုနစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၁၃၃၂ စုအား လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။

ယခင်က ဘူးသီးတောင်မြို့ကို ဒီဇယ် ဓာတ်အားစက် 500 kVA နှစ်လုံး၊ 400 kVA တစ်လုံး စုစုပေါင်း သုံးလုံးဖြင့် မြို့ပေါ် ရပ်ကွက်များသို့ တစ်ရက်လျှင် ကိုးနာရီခွဲခန့် ဓာတ်အားဖြန့်ဖြူး ပေးခဲ့ရကြောင်း သိရသည်။

ဘူးသီးတောင်ဓာတ်အားခွဲရုံကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ကျေးရွာများ ၂၄ နာရီ ဓာတ်အားရရှိရေး အတွက် ကျေးရွာလေးရွာကို ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆ မိုင်၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်း ၃ မိုင်နှင့် ၁၁/ ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ လေးလုံးကို ၂ဝ၁၇- ၂ဝ၁၈ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လည်းကောင်း၊ ကျေးရွာ ကိုးရွာကို ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၆ ဒသမ ၂ မိုင်၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်း ၁ဝ ဒသမ ဝ၂ မိုင်နှင့် ၁၁/ ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာကိုးလုံးကို ၂ဝ၁၇- ၂ဝ၁၈ ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.