Connect with us

Science & Technology

မကွေးလေဆိပ် ၌ ၂၀၁၉ ဇွန် ၂၅ ရက်မှစ၍ခရီးစဉ်များ ပြန်လည် ပြေးဆွဲမည်

မကွေးလေဆိပ် အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

၁၃ နှစ်ကြာ ခရီးသည် တင်လေယာဉ် ဆင်းသက်ခြင်းမရှိသည့် မကွေးလေဆိပ် ၌ ၂၀၁၉ ဇွန် ၂၅ ရက်မှစ၍ ရန်ကုန်-မကွေး- စစ်တွေ (သို့) အမ်းခရီးစဉ်ဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင် ခရီးစဉ်များ ပြန်လည် ပြေးဆွဲတော့မည်ဖြစ် ကြောင်း မြန်မာ့အမျိုးသားလေကြောင်း Myanmar National Airlines မှ သိရသည်။

ခရီးသည် ၆၀ ဝန်းကျင် စီးနင်းနိုင် သည့် ATR 72-600 လေယာဉ်များဖြင့် နံနက် ၈ နာရီမှ ၁၀ နာရီ အတွင်း ပြေးဆွဲ သွားရန် စီစဉ်ထားပြီး ရန်ကုန်-မကွေး ခရီးစဉ်အတွက် မြန်မာငွေကျပ် ၆၈,၀၀၀ ကျပ်(သို့) USD 73 ကျသင့်မည်ဖြစ်ကြောင်း၊ ဇွန် ၂၀ ရက်၌ လေယာဉ်လက်မှတ်များ ရောင်းချသွား မည်ဖြစ်ကာ အွန်လိုင်းမှ လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

၂၀၀၃ ခုနှစ်ဝန်းကျင်က ခရီးစဉ်များတွင် ခရီးသည်နည်းပါးလွန်းသည့်အခြေ အနေကို မတွေ့ခဲ့ရ ကြောင်း၊ ဆေးတက္က သိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်း ပညာတက္ကသိုလ်များ ရှိနေခြင်းအပြင် အရေးပေါ်လုပ်ဆောင်ရမည့် ဝန်ထမ်း ရေးရာများ၊ ဆေးကုသမှုများ၊ စီးပွားရေး လုပ်ငန်းများလည်း ရှိနေမည်ဖြစ်သဖြင့် ဒေသနှင့် လေကြောင်းခရီးဆိုင်ရာ အကျိုး စီးပွားများ ပြန်လည် အသက်ဝင်လာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.