Connect with us

Science & Technology

၂ဝ၁၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 2G ကွန်ရက်မှ 3G ကွန်ရက်သို့ပြောင်းလဲသွားမည်ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးအားမြင်တွေ့ရစဉ်(ဓါတ်ပုံ- မြ၀တီ)

ရန်ကုန် ၊ စက်တင်ဘာ၂၆ရက်(ဆင်ဟွာ)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံးသို့ 3G ကွန်ရက်စနစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်ထံမှ သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) အနေဖြင့် ဂျပန်နိုင်ငံ KDDI ၊ SUMITOMO တို့နှင့် ပူးပေါင်း၍ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် တစ်နိုင်ငံလုံး မြို့ပြ၊ တောင်ပေါ်နှင့် ကျေးလက်ဒေသများအထိ ဆက်သွယ်ရေး ကွန်ရက်လွှမ်းခြုံနိုင်စေရန် တာဝါတိုင် ၅ဝဝဝ ခန့် စိုက်ထူရေး စီမံကိန်းကို စတင်နေပြီဖြစ်ကြောင်း၊ 2G Network Second Generation မှ 3G Network Third Generation အဖြစ်ပြောင်းလဲရန် စီစဉ်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း( MPT ) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးသိန်းဟုတ်က “3G Network ရခဲ့ရင် လက်ရှိသုံးနေတဲ့ 2G Network ထက် လိုင်းဆွဲအားနဲ့ အင်တာနက်လိုင်း ဆက်သွယ်မှုတွေ ပိုပြီးကောင်းမွန်လာမှာဖြစ်တယ်။’’ ဟုဆင်ဟွာကို ယနေ့ပြောသည်။

၂ဝ၁၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ကွန်ရက် တာဝါတိုင် လွှမ်းခြုံမှု ၇ဝ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး သုံးစွဲသူ လူဦးရေ သိပ်သည်းမှု ၉ဝ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ဆိုသည်။

ယခုတွင် GSM ၊ CDMA ၊ WCDMA ၊ CDMA.450 ၊ CDMA. 800 သုံးစွဲသူ စုစုပေါင်း ၁၇ ဒသမ ၉ သန်းရှိပြီး MEC မှ WCDMA သုံးသန်းအပါအဝင် သုံးစွဲသူ စုစုပေါင်း ၂၁ သန်းရှိကြောင်း မြန်မာ့ဆက်သွယ်ရေး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117