Connect with us

Science & Technology

မြန်မာ-တူရကီ လေကြောင်းခရီးစဉ်တစ်ပတ်လျှင် ၁၄ ကြိမ် ပျံသန်းမည်

တူရကီလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် တူရကီ နိုင်ငံတို့မှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၁၄ ကြိမ် ပျံသန်းနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Turkish Airlines (တူရကီလေကြောင်းလိုင်း) တွင် လေယာဉ်အစင်း ၃၄ဝ ကျော်ရှိပြီး အခြားနိုင်ငံတကာလေကြောင်း လိုင်းများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့အနှံ့အပြားရှိ မြို့များနှင့် နိုင်ငံများသို့ အများဆုံးပျံသန်းသည့် လေကြောင်းလိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် ဥရောပ၏ အကောင်းဆုံးလေကြောင်းလိုင်းဆုကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တူရကီ နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၂၂ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပခဲ့ပြီး၊ နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ်အရ မြန်မာနှင့် တူရကီနိုင်ငံတို့မှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြားတွင် လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၁၄ ကြိမ် ပျံသန်းနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.