Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဓာတ်အားလိုင်းကြိုးသစ်များဖြင့် အစားထိုးတပ်ဆင်လျက်ရှိ

ဓာတ်အားလိုင်းကြိုးသစ်များဖြင့် အစားထိုးတပ်ဆင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဓာတ်အားလိုင်းကြိုးသစ်များဖြင့် အစားထိုးတပ်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

တိုးတက်လာသော ဓာတ်အားသုံးစွဲမှုနှင့် အညီ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခင် ၄၀၀ ဗို့ ဓာတ်အားလိုင်းကြိုး (ကြေးကြိုး)နေရာများတွင် Cover 4C×25 mm² ABC Wire ဓာတ်အားလိုင်းကြိုးသစ်များဖြင့် လဲလှယ်ခြင်းနှင့် ဆွေးမြည့်သစ်သား တိုင်နှင့် သံတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးတပ်ဆင်ခြင်း လုပ်ငန်းများကို ဒလ-တွံတေးကားလမ်းမတစ်လျှောက်တွင် စတင်၍တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများသည် ဗို့အားကျခြင်းများ ဖြစ်ပေါ်လျက်ရှိရာ (Cover) ပါသော ဓာတ်အားလိုင်းကြိုးအသစ် တပ်ဆင်မှုကြောင့် ဗို့အားများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ အလားတူ ရပ်ကွက်များ၌ ဆွေးမြည့်သစ်သားတိုင်နှင့် သံတိုင်များကိုလည်း အစားထိုး လဲလှယ်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားကြိုးများ မြေပြင်ပေါ်သို့ ပြတ်ကျ၊ ပြုတ်ကျမှုများ မဖြစ်ပွားစေရေး၊ ပြည်သူများ ဓာတ်လိုက် သေဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်ဓာတ်အား ကြိုးထိန်းများဖြင့် တပ်ဆင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.