Connect with us

Science & Technology

လေဆိပ် ငါးခုတွင် အချက်အလက် စစ်ဆေးရေး အဆင့်မြင့် စက်များ တပ်ဆင်မည်

အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လွှတ်တော်၌ ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

လေဆိပ် ငါးခုတွင် ခရီးသွား အချက်အလက် စစ်ဆေးရေး အဆင့်မြင့် စက် (MRTDs:_Machine Readable Travel Documents) များ တပ်ဆင်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

“တာချီလိတ်၊ ကော့သောင်း၊ လားရှိုး၊ မြစ်ကြီးနား၊ မြိတ် လေဆိပ်ငါးခုတို့တွင် ခရီးသွားဆိုင်ရာ အထောက်အထားများအား ဖတ်ရှုစစ်ဆေးနိုင်သည့် အဆင့်မြင့် (MRTDs:_Machine Readable Travel Documents) စက်များ တပ်ဆင်ရန်လည်း ပါဝင်ပါတယ်” ဟု ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၆,၀၂၄ ဒသမ ၈၈၁ သန်း တောင်းခံရာတွင် အဆိုပါ MRTDs စက်များ တပ်ဆင်ရန်လည်း ပါဝင်ကြောင်း ၎င်းက ပြောခဲ့သည်။

“ဆောက်လုပ်ရေး လုပ်ငန်း ၂၈ ခု၊ လေဆိပ် ငါးခုမှာ MRTDs တွေ တပ်ဆင်ဖို့၊ တာချီလိတ်၊ မြဝတီ နယ်စပ် ဝင်ထွက် ဂိတ်တွေမှာ Bio-Metric Enrollment စက်ပစ္စည်းများ တပ်ဆင်ဖို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ အသုံးပြုမယ့် စက်ပစ္စည်းများ တပ်ဆင်ဖို့၊ လုပ်သား အင်အား ကောက်ယူရေး စက်ပစ္စည်းများ ဝယ်ယူစရိတ် စတဲ့ လုပ်ငန်းတွေအတွက် တောင်းခံထားတာဖြစ် ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အတွင်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒ ၁၄ ချက်၊ ရည်မှန်းချက် ၂၁ ချက် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ၌ သာမန်ရငွေ ကျပ် ၆၀,၃၉၃ ဒသမ ၀၄၀ သန်း ရရှိရန် လျာထားပြီး ၊ သာမန် အသုံးစရိတ်တွင် ကျပ် ၃၆,၈၄၁ ဒသမ ၄၂၀ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ကျပ် ၆,၀၂၄ ဒသမ ၈၈၁သန်း လျာထားသဖြင့် စုစုပေါင်း ကျပ် ၄၂,၈၆၆ ဒသမ ၃၀၀၁ သန်း လျာထား တောင်းခံထားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.