Connect with us

Social

ပြည်သူနှင့်အစိုးရကြား ပေါင်းကူးဆက်သွယ်ပေးမည့် ပြုပြင် ပြောင်းလဲမှုများကို ရက် ၁၀၀ စီမံချက် အဖြစ် ဆောင်ရွက်မည်

ဈေးကွက်အတွင်းရှိ ပုံနှိပ် ထုတ်ဝေ ရောင်းချနေသော သတင်းစာ ၊ အပတ်စဉ် ဂျာနယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ပြည်သူ နှင့် အစိုးရကြား ပေါင်းကူးဆက်သွယ်ပေးမည့် ပြုပြင် ပြောင်းလဲမှုများကို ပြည်သူ့ အတွက် ရက် ၁၀၀ စီမံချက် အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူ နှင့် အစိုးရကြား ပေါင်းကူး တံတား အဖြစ် ဆက်သွယ် ဆောင်ရွက် ပေးနိုင်ရန် ပြင်ဆင် ဖြည့်စွက်ရန် ရှိသည့် ဥပဒေများကို ပြင်ဆင် ဖြည့်စွက်ခြင်း ၊ လိုအပ်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း ၊ ပုံနှိပ်မီဒီယာ နှင့် ရုပ်သံမီဒီယာ များဖွံ့ဖြိုးရေး၊ စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း ပြည်ပစာပေ ပညာရှင် များနှင့် ပူးပေါင်း၍ စာပေဆွေးနွေးပွဲများကျင်းပခြင်း၊ ယခင်စာကြည့်တိုက် ဟောင်းများကို Community Library၊ Community Centre များအဖြစ် အဆင့်မြှင့်တင်ခြင်း တို့ကို ရက်တစ်ရာ စီမံချက်ဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ အတွင်း လုပ်ဆောင်ချက်တွင် သတင်းအချက် အလက် ရယူခွင့် (Access to Information) နှင့် ပတ်သက်၍ မီဒီယာများနှင့် အများပြည်သူ သိလိုသည့် သတင်း အချက်အလက်များ မီဒီယာများ ရရှိစေရေး ဆောင်ရွက် သွားမည် ဖြစ်ပြီး မြန်မာ့အသံ နှင့် ရုပ်မြင် သံကြား အနေဖြင့် အစိုးရ၏မူဝါဒများ၊ အစိုးရမှ ပြည်သူ အတွက် ဆောင်ရွက်ပေး နေမှု များကို ဖော်ပြ ပေးနေသည့် အပြင် ပြည်သူများ၏ အသံ ၊ ပြည်သူများ၏ လိုအပ်ချက် ၊ ပြည်သူများမှ အစိုးရကို တင်ပြလိုသည့် သတင်းစကားများကို ပြည်သူ့ကိုယ်စား ထုတ်လွှင့်ပေးနိုင်ရေးကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံအတွင်းရှိသည့် သတင်းမီဒီယာ အဖွဲ့အစည်းများ၊သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် ပတ်သက်၍ စိတ်ဝင်စား သည့် တစ်ဦးချင်းသော ပုဂ္ဂိုလ်များ အသင်းအဖွဲ့များ ကို ဖိတ်ကြား ဆွေးနွေးကာ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)