Connect with us

Social

ခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်ရေးလမ်းပြမြေပုံအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်

ပုဂံဒေသတွင် မြင်းလှည်းဖြင့်လည်ပတ်နေသူ တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်ရေးလမ်းပြမြေပုံ (MTSRR) ကို အတည်ပြုပြီးဖြစ်သောကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍  အဆိုပါလမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ ဒီဇင်ဘာ ၂၃ ရက်မှာ လုပ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးမှာ ခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်ရေးလမ်းပြမြေပုံအတည်ပြုခဲ့တာပါ။ ကျွန်တော်တို့  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စပြီး မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်တော့မှာပါ။ဒီလမ်းပြမြေပုံအတိုင်း  ၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် အထိ ၅ နှစ်စီမံကိန်းဆောင်ရွက်သွားမှာပါ’’ ဟု၎င်း က ဖြည့်စွက်ပြောကြားသည်။

ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေး လမ်းပြမြေပုံ (MTSRR) တွင် မြန်မာ့ခရီးသွားလုပ်ငန်း ၂ နှစ် ၃ နှစ် အတွင်းပြန်လည်ရှင်သန်လာရန် Immediate, Medium term နှင့် Long term ဆောင်ရွက်ရမည့် မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားကြောင်းနှင့် မိမိဒေသအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Regional Master Plan များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များ၊ နိုင်ငံတကာခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များနဲ့အညီ Enchanting Myanmar Health and Safety Protocol (HSP) ကို Regional, National, International ဆိုတဲ့ အဆင့် (၃) ဆင့်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်’’ ဟု ဦးဇေယျာမျိုးအောင်က ဆက်ပြောသည်။

ယင်းလမ်းပြမြေပုံအတိုင်း ပြည်နယ်အသီးသီးရှိ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများမှ ပူးပေါင်းစိစစ်၍ မြန်မာနိုင်ငံကို Safe to travel destination တစ်ခုအဖြစ် နိုင်ငံတကာခရီးသွားများက သိမြင်လက်ခံလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆိုသည်။  (Xinhua)
 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117