Connect with us

Social

ဓာတ်အားပြတ် မြို့နယ်များ မကြာမီအချိန်အတွင်း ဓာတ်အား ပြန်လည်ရရှိမည်

ရန်ကုန်မြို့တွင်ရှိသည့် လျှပ်စစ်တာဝါတိုင် တစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

230 KV မန်ဆန် ရွှေလီ ဓါတ်အားလိုင်း System Break ဖြစ်သည့်အတွက် လျှပ်စစ်မီးများပြတ်တောက်ရခြင်း ဖြစ်ကြောင်း၊ ညနေ ၄ နာရီအချိန်တွင် system မှ ဓာတ်အားကိုပြန်လည်လက်ခံနေပြီဖြစ်ပါသဖြင့် ဓာတ်အားပြတ်မြို့နယ်များသည် မကြာမီအချိန်အတွင်း ဓာတ်အား ပြန်လည်ရရှိတော့မည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်သည်။

230KV ရွှေလီ ဓာတ်အားခွဲရုံ မှ 400 MW ဓာတ်အားပို့လွှတ်နေစဉ် 230kv ရွှေလီ မန်ဆန် Double ckt (၁) (၂) လိုင်းတို့သည် Distance potential Relay ဖြင့်Trip ဖြစ်သွားခဲ့ကြောင်း၊ Realy တွင် fault location ညွှန်ပြချက်အရ ရွှေလီခွဲရုံမှ 40.5 km အကွာ ၊ မန်ဆန်ခွဲရုံမှ 96.6 km အကွာခန့်သို့ညွှန်ပြနေကြောင်း၊ အဆိုပါအပြစ်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းနှင့် အခြားပြည်နယ်တိုင်းများပါဓာတ်အားပြတ်တောက်ခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ဓာတ်အားအပြစ်ဖြစ်ပွားသည့်နေရာသို့ ဓာတ်အားလိုင်း ထိန်းပြင်အဖွဲ့မှ သွားရောက်ပြုပြင်နေပြီဖြစ်ကြောင်း၊ ဓာတ်အားပြတ်မြို့နယ်များသည် မကြာမီအချိန်အတွင်း ဓာတ်အား ပြန်လည်ရရှိတော့မည်ဖြစ်ပါကြောင်း နှင့် ဓာတ်အားရရှိသောမြို့နယ်များမှ ဓာတ်အားရရှိစဉ် ပြန်လည်သတင်းပို့ပေးကြပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.