Connect with us

Social

မင်္ဂလာဈေး အသစ်ဆောက်မည် ဟု ပြည်ထောင်စု ဝန်ကြီးပြော

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်အဝေးကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မီးဘေး နှစ်ကြိမ် ကြုံခဲ့ပြီး ပိတ်ထားရသည့် မင်္ဂလာဈေးအား ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်မည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရန်ကုန် တိုင်းဒေကြီး အစိုးရအဖွဲ့ကိုယ်စား ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“မင်္ဂလာဈေး ဈေးသူဈေးသား တွေထံမှ ဆန္ဒရယူခဲ့ရာမှာ အသစ်ပြန်လည် တည်ဆောက်ရန် ဆန္ဒပြုသူ ၅၆ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဆန္ဒသဘောထား ရရှိမှုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ တစ်ဆင့် ရန်ုကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြ ဆုံးဖြတ်ချက် ရယူပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်” ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ဒုတိယအကြိမ် မီးသင့်လောင်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေးအား အသစ်ဆောက်မည်လား၊ အဟောင်းကို ပြန်လည် မွမ်းမံ ပြင်ဆင်မည်လား ဆိုသည်တို့ကို ခြောက်လကြာသည့် အထိ မသိကြရသဖြင့် မည်သို့စီစဉ်မည်နည်း၊ အချိန် မည်မျှ ကြာမည်နည်းဟူ၍ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၏ အမေးကို ဒေါက်တာ ဝင်းမြတ်အေးက ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုဈေး၏ တတိယထပ်မှ ခေါင်မိုးထပ်အထိ အဆောက်အအုံသည် ဒုတိယအကြိမ် မီးသင့်လောင်ခြင်း ဖြစ်သောကြောင့် အဆောက်အအုံ ခံနိုင်ရည် အခြေအနေကို သိရှိနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသို့အကူအညီတောင်းခဲ့ရာ အသင်းသည် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများ၊ ပုဂ္ဂိုလ်များနှင့် ကွင်းဆင်းပြီး မျက်မြင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မီးလောင်မှုဒဏ် တိုက်ရိုက် မခံရသည့် အောက်ထပ်များမှာ ခိုင်ခံ့ ကောင်းမွန်ဆဲဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း၊ ဈေးတစ်ခုလုံး အတွက်ဆိုလျှင်မူ အကုန် ဖြိုဖျက်ပြီး စိတ်တိုင်းကျ အသစ်ဆောက်ခြင်းနှင့် ပထမ အကြိမ် ၂၀၁၀ ခုနှစ် မီးလောင်ခဲ့စဉ်ကကဲ့သို့ ပြုပြင် မွမ်းမံခြင်း ဟူ၍ နည်းနှစ်နည်း ရှိသည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ အစီရင်ခံစာတွင် ပါရှိကြောင်း၊ ထိုအစီရင်ခံစာအပေါ် ဈေးသူဈေးသားများ၏ ဆန္ဒကို ရယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးက လွှတ်တော်သို့ရှင်းပြသည်။
၂၀၁၆ ခုနှစ် မေလ ၁၆ ရက်တွင် ဈေးသူဈေးသားများ၏ ဆန္ဒခံယူခြင်း ပြုလုပ်ခဲ့ရာ ဆိုင်ခန်းပေါင်း ၄,၀၆၂ ခန်းရှိသည့်အနက် ၃,၀၉၃ ခန်းတို့က လာရောက် ဆန္ဒမဲ ပေးခဲ့ကြသည်။ အသစ် ပြန်လည် တည်ဆောက်ရန် ထောက်ခံသည့် ဆိုင်ခန်းက ၁,၇၅၀ ခန်း၊ ရှိပြီး အဟောင်း ပြန်လည် ပြုပြင် မွမ်းမံရန် ဆန္ဒပြု ဆိုင်ခန်းက ၁,၃၃၀ ခန်း၊ ပယ်မဲ ဆိုင်ခန်းက ၁၃ ခန်း ရှိသဖြင့် လက်ရှိ ဈေးဟောင်းကို ဖြိုဖျက်ပြီး အသစ်ဆောက်လိုသူက ၅၆ ဒသမ ၅ ရာခိုင်နှုန်း ရှိသဖြင့် ဈေးသစ် အမြန်ဆောက်ရန် သေချာသွားပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.