Connect with us

Social

ဆမ်ဆောင်း Galaxy Note7 ဖုန်းလက်ဝယ်ရှိက ပိတ်ထား၍ ဆမ်ဆောင်း၏ လဲလှယ်ပေးမှု သို့မဟုတ်၊ ငွေပြန်အမ်းပေးမှုအား ရယူရန်ကြေညာချက်ထုတ်ပြန်

ဆမ်ဆောင်း Galaxy Note7 အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

Samsung (ဆမ်ဆောင်း) မှ လက်ရှိတွင် ဖြစ်ပေါ်နေသည့် Galaxy Note7 နှင့် ပတ်သက်သည့် အခြေအနေကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးစွဲသူများ၏ လုံခြုံရေး အတွက် Galaxy Note7 များ ရောင်းချခြင်း၊ လဲလှယ်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို ကမ္ဘာတစ်ဝန်းတွင် လုံးဝရပ်တန့်လိုက်တော့မည်ဖြစ်ကြောင်း ဆမ်ဆောင်းမှ ကြေညာချက်ထုတ်ပြန်သည်။

မူလ Galaxy Note7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ၊ လဲလှယ်ထားသည့် Galaxy Note7 ဖုန်းကိုင်ဆောင်သူများဖြစ်စေ ဖုန်းအား ပါဝါပိတ်ထားသင့်ကြောင်း၊ ဖုန်းများသုံးစွဲနေခြင်းအားလည်း ရပ်တန့်ကာ မိမိတို့၏ ဈေးကွက်အလိုက် Samsung မှ ပေးအပ်သော အစီအစဉ်များကို ရယူသင့်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် Galaxy Note7 ဖုန်းကိုင်ဆောင်ထားသူများ အနေဖြင့် အချက် ၂ ချက်မှ ၁ ချက်ကို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်းသိရသည်။ ပထမအချက်အနေဖြင့် ယခုလက်ရှိကိုင်ဆောင်နေသည့် Galaxy Note7 အား Galaxy S7edge ဖြင့် လဲလှယ်နိုင်ပြီး တန်ဖိုးကွာခြားချက်အတွက် ကျပ် ၅၀,၀၀၀ ခန့်တန်ဖိုးရှိ Samsung Original Battery Pack 5200 Mah နှင့်အခြားလက်ဆောင်ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဒုတိယအချက်အနေဖြင့် Galaxy Note7 ဖုန်းအား ဝယ်ယူခဲ့သော Samsung Brand Shop တွင် ဆက်စပ်ပစ္စည်းများနှင့်တကွ ပြန်လည် အပ်နှံရန်လိုအပ်ပြီး၊ ဖုန်းစတင်ဝယ်ယူရန်ဆောင်ရွက်ခဲ့သည့် ကမ္ဘောဇဘဏ်ခွဲမှတဆင့် ပြန်အမ်းငွေအပြည့် ပြန်လည်ထုတ်ယူခြင်းကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.