Connect with us

Social

ရေချွေတာ စုဆောင်း အသုံးပြု နိုင်ကြရန် နှင့် ရေလိုအပ်ချက် ရှိပါက ဆက်သွယ် တောင်းခံ နိုင်ကြောင်း YCDC အသိပေး

ရန်ကုန်မြို့ ဒလ မြို့ နယ် အတွင်း ရေခပ်နေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

လတ်တလောတွင် ရေဖိအား လျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိ၍ ရေချွေတာ စုဆောင်း အသုံးပြု

နိုင်ကြရန် နှင့် ရေလိုအပ်ချက် ရှိပါက ဆက်သွယ် တောင်းခံ နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ရေရရှိရေး နှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံ အဖွဲ့၏ အသိပေး တင်ပြမှု အရ သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးသို့ ရေဖြန့်ဖြူး ပေးဝေလျက် ရှိသော်လည်း ရာသီဥတုပူပြင်းခြောက်သွေ့၍ ရေသုံးစွဲမှု များပြားလာခြင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခြင်းတို့ကြောင့် ရေဖိအား လျော့နည်း ကျဆင်းမှုများ လတ်တလော ဖြစ်ပေါ်လျက်ရှိကြောင်း အသိပေး တင်ပြချက်တွင် ဖော်ပြထားသည်။

ရေလိုအပ်ချက်ရှိပါက အရှေ့ပိုင်းခရိုင်ရုံး – ၀၉၂၅၀၂၈၃၈၂၃ ၊ အနောက်ပိုင်းခရိုင်ရုံး – ၀၉၂၅၀၂၈၃၈၁၂ ၊ တောင်ပိုင်း ခရိုင်ရုံး – ၀၉၅၀၅၄၅၆၅ နှင့် မြောက်ပိုင်းခရိုင်ရုံး – ၀၉၂၅၃၈၃၅၂၇၅ ဖုန်းအမှတ်များသို့ ဆက်သွယ်

တောင်းခံ နိုင်ကြောင်း သိရသည်။

ရေလှောင်ကန်ကြီးများ၏ ရေသိုလှောင်မှု အနေဖြင့်လည်း ယခုနှစ်နွေရာသီ ရေလိုအပ်ချက်အား ပြည့်မှီလုံလောက်စွာ ပေးဝေနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်သို့ သောက်သုံးရေစဉ်ဆက်မပြတ်ပေးဝေရန်အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်နှင့် ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး ရေတွန်းစက်ကြီးများ လည်ပတ်မောင်းနှင်၍ မြို့နယ်အသီးသီးသို့ ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ထို့အတူ မြို့နယ်အသီးသီးရှိ ထပ်ဆင့်ရေတွန်း စက်ရုံများဖြစ်သည့် ပါရမီ ရေတွန်းစက်ရုံ၊ ကျိုက္ကဆံရေတွန်းစက်ရုံ၊ ဂန္ဓမာရေတွန်းစက်ရုံ၊ မြို့ဦးရေတွန်းစက်ရုံ၊ ရေနံ့သာရေတွန်းစက်ရုံ၊ သုဝဏ္ဏရေတွန်းစက်ရုံ၊ ရွှေအင်ကြင်း ရေတွန်း စက်ရုံ၊ ဘုရင့်နောင်ရေတွန်းစက်ရုံ၊ ရွှေပေါက္ကံရေတွန်းစက်ရုံ၊ သဲဖြူ ရေတွန်းစက်ရုံ၊ ရန်ကုန်ပေါက်ရေတွန်းစက်ရုံ၊ ဒလရေတွန်းစက်ရုံ၊ ဒဂုံတောင်ရေတွန်းစက်ရုံအမှတ်(၁)၊ ဒဂုံတောင် ရေတွန်းစက်ရုံအမှတ်(၂)၊ ယုဇန ဥယျာဉ် မြို့တော် ရေတွန်းစက်ရုံ အစရှိသည့် ရေတွန်းစက်ရုံများနှင့် မြေအောက် ရေပေးရေးစနစ်မှ ရေတွန်းစက်ရုံများ၊ ထပ်ဆင့်ရေတွန်းစက်ရုံများဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးသို့ ရေဖြန့်ဖြူး ပေးဝေလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.