Connect with us

Sport

ဘောလုံးနည်းပြသင်တန်းဖွင့်မည်

- ဘောလုံးသင်တန်းကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဘောလုံးနည်းပြသင်တန်း AFC ‘C’ Coaching Certificate Course နည်းပြသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာ့ဘောလုံးအားကစားတိုးတက်မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအသိအမှတ်ပြု လိုင်စင်နည်းပြဆရာများပေါ်ထွက်လာစေရန် ရည်ရွယ်လျှက် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ AFC ‘C’ Coaching Certificate Course ဘောလုံးနည်းပြသင်တန်းကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်းနည်းပြဆရာမှ လာရောက်ပို့ချသင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117