Connect with us

Sport

ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ မှစတင်၍ ပရိသတ်ကိုကြည့်ရှုခွင့်ပြု

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် (၂)ရခိုင်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနေရှင်နယ်လိဂ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် လိဂ် ပြိုင်ပွဲများမှ COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၃မြန်မာနေရှင်နယ်လ်လိဂ်ပြိုင်ပွဲများ၏ ပွဲစဉ် ၆ မှစတင်၍ ပရိသတ်ကိုပထမဆုံးအကြိမ် ကြည့်ရှုခွင့်ပြု မည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်၊ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောသည်။ဦးစိုးမိုးကျော်က “အခု ပွဲစဉ် ၆ က ပရိသတ်တွေကို ကွင်းထဲ ပထမဆုံး ပြန်လည်ခွင့်ပြုပေးတာဖြစ်ပါတယ်။ COVID ကြောင့် လိဂ်ပွဲတွေ ၂ နှစ် နီးပါးနားလိုက်ရတယ်။ ကိုဗစ်ကြောင့်ပဲ ပရိသတ်တွေကို မဖိတ်တော့တာပါ။ အခုပွဲစဉ် ၆ ကစပြီး ပရိသတ်ကိုကြည့်ရှုခွင့် ပြန်လည်ခွင့်ပြုတာဖြစ်ပါတယ်’’ ဟုပြောသည်။


ပွဲစဉ် (၆) ကတော့ SEA GAMES အပြီး ၂၀၂၃ ခုနှစ် မေလ ကုန်လောက်တွင် ကျင်းပရန်လျာထားကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် ၂၀၂၃မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ပွဲစဉ် ၂ကို ကျင်းပလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကွင်းပိတ်ကစားခဲ့ကြောင်း သိရသည်။ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီ လမှစတင်ကျင်းပခဲ့သော်လည်းလာမည့်ဘောလုံးရာသီများမှစတင်၍ နိုင်ငံတကာဘောလုံးပြိုင်ပွဲများအတိုင်း ဩဂုတ်လတွင်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဦးစိုးမိုးကျော်က “ဒီနှစ်ပြိုင်ပွဲက အိမ်ကကြည့်ချင်တဲ့ ပရိသတ်အတွက် Sky Net က ချန်နယ်၊ Youtube ကြည့်လို့ရတယ်။ တချို့ကတော့ ကွင်းထဲကကြည့်ချင်တဲ့ပရိသတ်တွေရှိတယ်။ ကွင်းထဲကကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ဈေးနှုန်းလေးတစ်ခု သတ်မှတ်ရောင်းချပြီး ပရိသတ်ကို ကွင်းထဲကနေကြည့်ခွင့်ပြုမှာပါ။ ကျွန်တော်တို့ စဉ်းစားတာကတော့ ပရိသတ်အတွက်ပါပဲ”ဟုပြောသည်။ (Xinhua)

#ဦးစိုးမိုးကျော် #မြန်မာနေရှင်နယ်လိဂ်
#USoeMoeKyaw #MyanmarNationalLeague

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.