Connect with us

News

အမေရိကန်နိုင်ငံအနေဖြင့် ကတိပြုထားသည့်အတိုင်း သိုလှောင်ထားသော ဓာတုလက်နက်များ ဖျက်ဆီးရန် တရုတ်နိုင်ငံ တိုက်တွန်း

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် လူ ၇ ဦးသေဆုံးခဲ့သော ဓာတုဓာတ်ငွေ့တိုက်ခိုက်မှုကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (CWC) ကို အပြုသဘောလိုက်နာဆောင်ရွက်မှုများဖြင့် ၎င်း၏ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရန် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂၉ ရက်၌ ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံက ၎င်းတို့၏ ဓာတုလက်နက်သိုလှောင်မှုများကို ယခုနှစ် ဆောင်းဦးကာလမတိုင်မီ ဖျက်ဆီးမည်ဟု ပြောကြားထားမှုအား ရည်ညွှန်းလျက် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tan Kefei က ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၆ နှစ်အကြာက CWC အသက်ဝင်လာချိန်မှစ၍ ကမ္ဘာ့ဓာတုလက်နက်သိုလှောင်မှု၏ ၉၉ ရာခိုင်နှုန်းကို ရှင်းလင်းပြီးဖြစ်သလို ဓာတုလက်နက်များ သိုလှောင်မှုကြေညာထားသော နိုင်ငံ ၈ နိုင်ငံအနက် ၇ နိုင်ငံက ဓာတုလက်နက်သိုလှောင်မှုဖျက်ဆီးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကွန်ဗင်းရှင်းသတ်မှတ်ချက်အရ သိုလှောင်ထားသော ဓာတုလက်နက်များ ဖျက်ဆီးမှုကို ကွန်ဗင်းရှင်းစတင်ပြဋ္ဌာန်းသည့် ၁၉၉၇ ခုနှစ်မှစ၍ ၁၀ နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
China urges U.S. to destroy chemical weapons stockpile as promised

BEIJING, May 29 (Xinhua) — A Chinese defense spokesperson on Monday urged the United States to fulfill its commitments and adhere to the Chemical Weapons Convention (CWC) by taking concrete actions.
Tan Kefei, spokesperson for China’s Ministry of National Defense, made the remarks during a press conference while addressing the U.S. claim of destroying its chemical weapons stockpile by autumn this year.
Tan said that since the CWC came into effect 26 years ago, over 99 percent of the world’s chemical weapons stockpiles have been eliminated. Seven out of the eight countries that declared chemical weapons stockpiles have completed the destruction of their chemical weapons.
As stipulated by the Convention, the destruction of stockpiled chemical weapons should be completed within 10 years of its enactment in 1997.
Photo: Chemical gas attack kills 7 in Syria’s Aleppo. (Xinhua photo)